M-53

1.7K 161 0
                                    

အခန်း ၅၃

စုန့်ဝေဆီက စုလဲ့ ဖုန်းရတော့ သူမ ဖိုင်တချို့ရှာနေတာပင် မရင်းနှီးတဲ့အသံကိုကြားလိုက်ရတော့ သူမစိတ်ထဲ တမျိုးဖြစ်သွားတော့သည်။

စုန့်ဝေက ခေါင်းမာတဲ့လူတစ်ယောက်ဖြစ်မယ်မထင်ထားမိ ဒါမှမဟုတ် ခက်ခဲတဲ့သူလို့ပြောရမလား? စုန့်ဝေက သူမထင်ထားသလိုမဟုတ်ပေ

"Miss စုန့်" စုလဲ့ စုန့်ဝေကိုမြင်တော့ ဖိအားပေးပြီး ပြုံးလိုက်သည်။ စားပွဲထိုးက ဘာသောက်မလဲမေးတော့ ငြင်းလိုက်ကာ စုန့်ဝေကို မေးလိုက်သည်။ "Miss စုန့် ဘာလို့ကျွန်မကိုတွေ့ချင်တာလဲဆိုတာ မေးလို့ရမလား?" ဝေချု့မိဘတွေကို ဒီပိတ်ရက်သွားတွေ့ရမှာမို့ သူမက သူမအလုပ်တွေအားလုံးကို ကြိုလုပ်ထားပြီး အကုန်အပြီးသတ်ထားချင်တာပင် ပြီးတော့ ဒီလိုဆိုင်တွေက သူမ နေ့စဉ်အသုံးစရိတ်ရဲ့ ရက်တချို့စာလောက်ရှိတာကြောင့် ဒီလိုဆိုင်တွေအတတ်နိုင်ဆုံးမသွားတာ အကောင်းဆုံးပဲလေ

"Miss စုက တအားအလုပ်များနေတာလား?" စုန့်ဝေက သူမ ကော်ဖီကိုဖြည်းဖြည်းချင်းမွှေပြီးတငုံသောက်လိုက်သည်။ သူမပုံစံကိုကြည့်လိုက်တာနဲ့ ကောင်းမွန်တဲ့မိသားစုနောက်ခံက လာတယ်ဆိုတာ ပြောနိုင်သည်လေ

"ကိစ္စမရှိပါဘူး" စုန့်ဝေ လှုပ်ရှားမှုတွေကို စုလဲ့ကြည့်နေကာ သူမပုံစံက မဂ္ဂဇင်းထဲတောင်ပါလို့ရသည်လေ သူမစိတ်ထဲမှာ သူမ ကတော့ ဘယ်လို စားစား အဲ့လိုသိမ်သိမ်မွေ့မွေ့လေးဟုတ်မနေလို့ မကျေနပ်ဖြစ်လို့နေသည်။
"

"နောက်ပိုင်း Miss စုက တအားအလုပ်များနေမှာပေါ့ အလုပ်လည်းလုပ်ရသေး ဝတ္ထုလည်းရေးရသေးတော့လေ" စုန့်ဝေက ပေါ့ပေါ့ပါးပါးရယ်လာကာ​"ကျန်းဝေကတော့ သိမှာ မဟုတ်လောက်ဘူး သူ့ရည်းစားဟောင်းက အရည်အချင်းရှိတဲ့မိန်းကလေးတစ်ယောက်ဆိုတာကိုလေ"

စုလဲ့ချောင်းဆိုးလိုက်မိသည်။ သူမထင်ထားသလိုပဲ ပြသာနာက ကျန်းဝေပင် "Miss စုန့် အမှတ်မှားနေပြီထင်တယ် လင်းချီက သူ့ရည်းစားဟောင်းပါ ကျွန်မ မဟုတ်ဘူး"

"ကျွန်မ မှားလားမမှားလားဆိုတာ ကျွန်မတို့နှစ်ယောက်လုံးးသိပါတယ် ကျန်းဝေအတွက် လင်းချီက အရုပ်တစ်ရုပ်သာသာပါပဲ" စုန့်ဝေက  သဘောထားကြီးစွာပြုံးကာ "ချမ်းသာတဲ့ယောကျာ်းတွေ....အဲ့ထဲက ဘယ်သူတွေများမှာ အတိတ်ဆိုတာ မရှိဘဲ နေလို့လဲ?"

Hello Wife! (Mm translation)Where stories live. Discover now