M-55

1.9K 181 0
                                    

အခန်း ၅၅ မိဘတွေရဲ့ခွင့်ပြုချက်

———

သူတို့တခြားလမ်းကိုလျှောက်တော့ အပြင်ကအိမ်နီးချင်းတွေလည်းအများကြီးပင် ဝေချု့ကိုသိတဲ့လူတွေက လာနှုတ်ဆက်ကြပြီး သူနဲ့ ခနစကားပြောကြတာ စုလဲ့ကိုအကဲခတ်ပြီး သူ့ကောင်မလေးလားလို့မေးလာကြသည်။

ဝေချု့ စုလဲ့ကို အိမ်ပြန်ခေါ်သွားတော့ စုလဲ့သေချာသိသွားတာက ဒိီနေ့ပြီးတာနဲ့ အိမ်နီးချင်းတွေအကုန် ဝေချုမှာ ကောင်မလေးရှိနေတာ သိသွားကြတော့မှာလို့ပင်

"အဲ့ဒီအိမ်နီးချင်းတွေက အရမ်းဖော်ရွေတာပဲ...." လက်ရှိ လူမှုပတ်ဝန်းကျင်က လူတွေက တအားကိုအေးစက်ကြတာကို သူမကတော့ ဒီလိုဖော်ရွေတဲ့လူတွေနဲ့တွေ့ရသည် စုလဲ့ကျင့်သားမရ

"သူတို့ထဲက အများစုက စစ်တိုက်ခဲ့ကြတဲ့သူတွေလေ အရင်က ဒီလမ်းကျဉ်းလေးကို လျှို့ဝှက်ထောင်ချောက်လမ်းလိုသိကြတယ် ကိုယ့်အဘိုးက အခုအနားယူသွားတော့ နှစ်တိုင်း သူ့မွေးနေ့ကိုဂုဏ်ပြုဖို့လူတွေအများကြီးလာကြတယ် ဒီနှစ်က အသက် ၈၀ ပြည့်ဆိုတော့ သာမန်နဲ့ယှက်ရင် လူတွေပိုများတာပေါ့"

စုလဲ့ခေါင်းခါလိုက်သည်။ "ကြည့်ကောင်းတဲ့သွင်ပြင် ထက်မြက်တယ် ပြီးတော့ တရားဝင်ကလေးတစ်ယော်  ရှင့်အကြောင်းကိုပြောလိုက်တာနဲ့ တချို့ယောကျာ်းလေးတွေ မနာလိုမှုနဲ့အံကြိတ်ကြတာ မဆန်းတော့ပါဘူး"

"အဲ့လိုလူကို မင်းပိုင်ထားတာလေ မင်းဂုဏ်ယူသင့်တာ" ဝေချုက ရယ်ကာ သူမနားကို သဘောကျစွာ ကပ်လာခဲ့သည်။

"နည်းနည်းလောက် ပိုပြီးအရှက်မရှိနိုင်ဘူးလား?" စုလဲ့ သူ့ကိုတွန်းထုတ်ကာ မသိချင်ယောင်ဆောင်လိုက်သည်။

သူတို့ခြံဝင်းထဲပြန်ရောက်တော့ လူတွေပိုရောက်နေကြသလိုထိုင်ပြီး စကားတွေလည်းပြောလို့နေကြသည်။ တအားကိုတက်ကြွနေကာ စုလဲ့ ရင်းနှီးတဲ့အသံကြားလိုက်မှသာ အသိဝင်လာတော့သည်။

"ရှောင်လဲ့လဲ့" ဝေယောင်က စုလဲ့ကိုလက်လှမ်းပြသည်။ သူမက တံတိုင်မွှေးအပင်အောက်မှာရပ်နေကာ သူမ အမျိုးသားက သူမ ဗိုက်ကိုကြည့်ပြီး လန့်လို့နေသည်။ ထို့နောက် စုလဲ့ ဝေယောင်ရဲ့ဗိုက်က ဖောင်းနေတာကိုမြင်လိုက်ရသည်။ အဲ့ကောင်မလေးကိုယ်ဝန်ရှိနေတာ? ခုတလော လိုင်းပေါ်သိပ်မတွေ့တာ မအံဩတော့ပါဘူး သူမ ကလေးကျန်းမာရေးကိုဂရုစိုက်နေတာပဲ

Hello Wife! (Mm translation)Where stories live. Discover now