M-20.2

2.3K 244 6
                                    

"အစက ဒီနေ့ ၁၁ နာရီ ပူးပေါင်းမှုအသေးစိတ်အတွက် ကျင်ချုကိုသွားရမှာ ဒါမဲ့ ခနနေ အရေးကြီးဧည့်သည်နဲ့တွေ့ဖို့ချိန်းထားလို့ မသွားနိုင်ဘူး မင်းငါ့အစား သွားပေး" ကျန်းတင်းက ဖိုင်ကို စုလဲ့ဘက်တွန်းပေးကာ "မရှင်းတာ ရှိရင် ငါ့ကိုဖုန်းဆက်ပြီးမေးလို့ရတယ်"

လွန်ခဲ့တဲ့ တစ်လက မှ ကုမ္ပဏီစဝင်တဲ့သူကို ဒီလိုတာဝန်မျိုးပေးတာက အရမ်းဂရုမစိုက်လွန်းတာ မဟုတ်ဘူးလား စုလဲ့ ဖိုင်ကိုယူပြီး သူမဘာသာတွေးနေမိသည်။ အလုပ်ကို သူမ အလေးနက်ထားပြီးလုပ်တာမှန်ပေမယ့် ဒီလိုအရေးကြိးကိစ္စ ကိုင်တွယ်ခိုင်းလောက်တဲ့ထိ မဟုတ်သေးဘူးလားလို့လေ

"မင်း စိတ်ပူစရာမလိုပါဘူး ကျင်ချုစီအီးအိုက နည်းနည်းညဏ်များပြီး ထက်တဲ့သူဆိုပေမယ့် သူက သူ့အဖေသူငယ်ချင်းကိုတော့ ယဉ်ကျေးတဲ့သူပါ တက္ကသိုလ်တစ်ခုတည်းကလူတွေဆိုတော့ စီနီယာအနေနဲ့ ဂျုနီယာကျောင်းနေဖက်ကို ခက်ခဲအောင်လုပ်မယ့်သူ မဟုတ်လောက်ဘူး စိတ်အေးအေထားပြီးသွားပါ" ကျန်းတင်းက လက်ပြကာ ထွက်သွားသင့်ပြီးလို့ ညွှန်ပြနေတော့သည်။

စုလဲ့ ရုံးခန်းထဲကထွက်လာပြီး ဆိုတော့ နေ့တက်လောက်အချိန်ယူပြီး သူမကို ပေးတဲ့တာဝန်က ဝေချုနဲ့သူမကျောင်းနေဖက်တွေဖြစ်နေလို့ပေါ့ တကယ့်ကိုပဲ တစ်လလောက်နဲ့ အထက်လူကြီးတွေမှတ်မိတာခံရဖို့ဆိုတာမဖြစ်နိုင်တာကြီးလေ

ကျင်ချုက ပိုင်ရှန်းနဲ့နီးနီးလေးပင် စုလဲ့ ကျင်ချု ရုံးအဆောက်ဦးကိုရောက်ဖို့ မိနစ်အနည်းငယ်သာအချိန်ယူလိုက်ရသည်။ တောက်ပနေတဲ့ ကုမ္ပဏီဆိုင်းဘုတ်ကိုကြည့်ပြီး စုလဲ့ ယူကြုံးမရဖြစ်မိသည်။ သူတို့ တူညီတဲ့တက္ကသိုလ်က ဘွဲ့ရကြတာပဲကို ဘာလို့ ကွာခြားမှုက ဒီလောက်ကြီးနေရတာလဲ

-

အဆောက်ဦးထဲဝင်ပြီး စုလဲ့ ရှေ့ခုံကိုသွားကာ သူမ မည်သူဖြစ်ကြောင်းပြောပြီး ဝန်ထမ်းညွှန်ပြတဲ့အတိုင်း ဓာတ်လှေကားတွေဆီသွားလိုက်သည်။ နံပါတ်တွေကိုကြည့်ပြီး စုလဲ့ အသက်ပြင်းပြင်းရှုကာ စိတ်အေးအေးထားနေရသည်။ ပြောရရင် လူတိုင်းရဲ့ ကံတွေက ကွဲပြားတယ်ဆိုပေမယ့် သူမကတော့ အဆိုးဆုံးပင်

Hello Wife! (Mm translation)Where stories live. Discover now