M-21.2

2.2K 230 3
                                    

စုလဲ့ ထိုညနေ အလုပ်ဆင်းတော့ နွားနို့မရှိတော့ဘူးဆိုတာ သတိရလိုက်သည်။ အိမ်ချက်ချင်း ပြန်မယ့်အစား စူပါးမားကတ်ကို တချို့ဝယ်ဖို့ သွားလိုက်သည်။ ဒါမဲ့ စိတ်အခြေအနေကို ဆိုးဝါးစေတာက နွားနို့စျေးတွေတက်သွားတာပင်

အိမ်ပြန်ရောက်တော့ နွားနို့ဘူးတွေဖွင့်ပြီး ရေခဲသေတ္တာထဲ ထည့်လိုက်သည်။ တစ်ဘူးကို တော့ ချန်ထားပြီးတော့ပေါ့ ပိုက်တပ်ပြီး ဆိုဖာပေါ်ထိုင်ကာ တီဗီဖွင့်လိုက်သည်။

"သတင်းထောက် ဂျု တင်ပြချက်အရ XXနွားနို့က ကျောင်းသာားအများစုကို အဆိပ်သင့်စေခဲ့ပါတယ် ဒါမဲ့ အတည်မပြုရသေးတာကြောင့် သက်ဆိုင်ရာဌာနတွေက စစ်ဆေးနေဆဲပါ"

စုယွဲ့ သူမလက်ထဲက နွားနို့ကိုချက်ချင်း ချထားလိုက်တော့သည်။ ဘာလို့ဆို သူမ ဘူးက XX နွားနို့ဖြစ်နေလို့ပင်

တီဗီပိတ်ပြီး ကွန်ပျုတာရှေ့ထိုင်ကာ ဖွင့်ပြီး စကားပြောတဲ့ အုပ်စုထဲ သွားလိုက်သည်။

ထိုအုပ်စုထဲမှာ ကလောင်နာမည် "ရှောင်ယောင်" ဆိုတဲ့ စာရေးဆရာအကြောင်းပြောနေကြတာပင် နောက် ၃ ရက်နေရင် မင်္ဂလာဆောင်မယ့်သူပေါ့

ကြည့်လိုက်တော့ မင်္ဂလာဆောင်ပုံတွေတင်ထားတာပင် သတို့သားသွင်ပြင်က မဆိုးပေ သူ့မျက်နှာက အပြုံးက စိတ်ချရတဲ့ခံစားချက်တမျိုးပေးစွမ်းလို့နေသည်။ ရှောင်ယောင်ကတော့ လူတိုင်း မနာလို ရအောင် ပြုံးနေခဲ့တာ

စုလဲ့ အနီးနားက မြို့ကို သွားမယ်လို့ စိတ်ဆုံးဖြတ်လိုက်တော့သည်။

(ချီကျို - ဂုဏ်ပြုပါတယ် ဂုဏ်ပြုပါတယ် ဒီစနေနေ့ကျ အလကားစားဖို့ လာခဲ့မယ်)

(ရှောင်ယောင်- လာခဲ့ လာခဲ့ အနီရောင်စာအိတ်လေး ယူလာဖို့လည်းမမေ့နဲ့ o(≧v≦)o)

(ချီကျို- အနီရောင်စာအိတ်တော့မရှိဘူး ဒါမဲ့ တက်တဲ့သူတစ်ယောက်တော့ တိုးမယ်)

(မေ့ချီဘိုင် - (^o^)/ ချီချီ လူခေါ်လာချင်လို့တဲ့ သူမ ခင်ပွန်းများလား? အုပ်ထိန်းသူများလား)

(ချိီကျို - ငါလည်းလူပဲလေငါ့စကားတွေကိုမေးခွန်းထုတ်စရာဖြစ်အောင်မလုပ်ပါနဲ့ ကျေးဇူး ဘာအုပ်ထိန်းသူမှလည်းမရှိပါဘူး ကျေးဇူး)

Hello Wife! (Mm translation)Where stories live. Discover now