M-28.2

1.8K 197 2
                                    


"မင်းကြိုက်ရင် ပြီးတာပဲ" ဝေချုက စားစရာတွေကို ပန်းကန်တစ်ချပ်ထဲ ထည့်ကာ နှစ်ယောက်သား တစ်နေရာမှာ သွားထိုင်လိုက်ကြသည်။ ဝေချုက သူတို့နားက လက်အိတ်တွေကိုမြင်တော့ မျက်မှောင်ကြုတ်လိုက်မိသည်။ "လက်အိတ်တွေ ရှိသင့်တယ်လို့တောင်ပြောတော့မလို ခုနက ဘာလို့မမြင်လိုက်တာပါလိမ့်"

ချန်ရှု ခေါင်းကိုတဖက်လှည့်ပြီးတွေးနေမိသည်။ 'လောင်တ မျက်လုံးဖွင့်ထားပြီး လိမ်တော့မလို့လား?'

လူတိုင်း စားသောက်ပြီးတာနဲ့ ကော်ဖီဆိုင်လေးကိုသွားပြီး ကော်ဖီသောက် စကားပြောကြတော့သည်။ စုလဲ့လည်း စီမံကိန်းဌာနက မန်နေဂျာနဲ့ စကားသွားပြောတော့သည်။ ကော်ဖီသောက်ရင်း တချိန်တည်းမှာပဲ ပူးပေါင်းမှုအကြောင်းပြောနေကြတာ ဘယ်သူမှ ဝေချု သူတို့နား မရှိတော့တာကို သတိမထားမိကြ

"ဖျော်ရည်စျေးနှုန်းတွေ ရုတ်တရက်တက်သွားနိုင်တာမျိုးရှိနိုင်ပေမယ့် ကျွန်မတို့ပိုင်ရှန်းက ယှဉ်ပြိုင်မှုနောက်လိုက်ဖို့ ဆုံးဖြတ်ထားပါတယ်"
စုလဲ့က လေးနက်စွာ "ဒါနဲ့ပက်သက်ပြီး အစီစဉ်ထဲအကူညီဖြစ်မယ်လို့မျှော်လင့်ပါတယ်"

"သေချာတာပေါ့" ပိုင်ရှန်း ဆုံးဖြတ်ချက်ကို နားလည်သည်ဟု မန်နေဂျာက ဖော်ပြလိုက်သည်။ သူတို့ အကျိုးအမြတ်က တခြားသူတွေနဲ့ယှဉ်ရင် နိမ့်နိုင်ပေမယ့် ဒီနည်းလမ်းက ပိုင်ရှန်းကို စျေးကွက်ရှယ်ယာတွေ ပိုရစေသည်လေ ပြီးတော့ လူတိုင်းက သူတို့ ပစ္စည်းတွေကို စျေးတက်နေချိန် ပိုင်ရှန်းက ဖိအားတွေအောက်မှာ သူတို့စျေးကိုထိန်းထားနိုင်မယ်ဆို သူတို့ လုပ်ဆောင်နိုင်စွမ်းရှိတာကို ပြနေတာပဲလေ

နှစ်ယာက်သား ဆက်စကားပြောနေတုန်းမှာပ ရုတ်တရက် သူတို့ဘေးကို တစ်ခုရောက်လာက စုလဲ့လှည့်ကြည့်လိုက်တော့ အရုပ်တစ်ခုကိုမြင်လိုက်ရသည်။ တောင်ပံလေးတွေ ပြန့်နေတဲ့ ငှက်ကလေးပင် တကယ်ချစ်စရာလေး

မန်နေဂျာက သူတို့ဘောစ့်က စုလဲ့ကို လိုက်နေတာကို သိထားတာကြောင့် အကြောင်းပြချက်တစ်ခုပေးပြီး သူတို့နှစ်ယောက်ထဲ ထားခဲ့တော့သည်။ ခပ်လှမ်းလှမ်းရောက်တာနဲ့ မေးကိုထိပြီး သူ့ကိုယ်သူ ရေရွတ်လိုက်မိတာက "ဘာလို့ ဘောစ့် နည်းလမ်းတွေက သူ့အထက်တန်းတက်နေတဲ့ တူလေး သူ့ရည်းစားလေးကိုချော့တဲ့နည်းနဲ့တူနေရတာလဲ?" လို့ပင် ခနလောက်တွေးပြီးတော့မှ သူ့ဘောစ့်ကတော့ အထက်တန်းကျောင်းသားလေးတွေနည်းလမ်းထက်ပိုကောင်းလောက်မှာပါ လို့ တွေးပြီးခေါင်းခါကာ ထွက်သွားတော့သည်။

Hello Wife! (Mm translation)Where stories live. Discover now