M-12

2.8K 319 4
                                    

အခန်း ၁၂ လုပ်ငန်းပါတီ (၂)

ခုတလော စုလဲ့အပေါ် ထားတဲ့ ကျန်းဝေ အတွေးတွေက ပိုပိုရှုပ်ထွေးနေခဲ့တာပင် တဖက်မှာတော့ စုလဲ့ကို သူမ မာနတွေကို လွှတ်ချပြီး သူ့ကိုရှာစေချင်တယ် တက်မှာတော့ သူ့ရှေ့ကို သူမကိုမပေါ်လာစေချင်တော့ဘူး ဘာလို့လဲဆိုတော့ သူမ ပေါ်လာတိုင်းအဲ့ညကဖြစ်ပျက်ခဲ့တာတွေကို သတိရနေမိလို့ အမှန်တိုင်းပြောရရင် သူက အမှားလုပ်တာဆိုပေမယ့် သူမ တည်ငြိမ်နေပြီး ဘာမှဖြစ်မနေတာကို သူတကယ်မုန်းတာ

စုလဲ့ကို သူ့အပေါ်ကို နည်းနည်းလောက်မှီခိုပြီး နူးညံ့စေချင်တယ် ကျန်းဝေက စုလဲ့ သန်မာတာကိုသဘောကျသလို တချိန်တည်းမှာပဲ မုန်းလည်းမုန်းသည်။စုလဲ့ အလုပ်ထွက်လိုက်တာ သိတော့ သူမကို စိတ်ပူနေခဲ့တာ သူတို့ ဘွဲ့ရပြီးတာ တစ်နှစ်တောင် မပြည့်သေးတော့ စုလဲ့ ပိုက်ဆံတွေ အများကြီးစုမိဖို့ ဆိုတာ မဖြစ်နိုင်ဘူးလေ ဒါမဲ့ စုလဲ့ကို ပါတီမှာ စျေးကြီးတဲ့အဝတ်စားကိုဝတ်ထားတာမြင်တော့ သူစိုးရိမ်နေတာ မလိုအပ်ဘူးလို့တွေးမိလိုက်တာပဲ

ဘယ်ရောက်ရောက်ကောင်းကောင်းနေနိုင်တဲ့ အမျိုးသမီးပဲလေ အလုပ်မရှိတော့တာတောင် ယုံကြည်ချက်ရှိရှိနေနိုင်နေတုန်းပဲ ဒါတွေအကုန်လုံးက ဝေချုပေးထာားတာလို့ တွေးလိုက်ချင်ပေမယ့် ကျန်းဝေ သေချာသိနေတာက စုလဲ့က အဲ့လိုလူမျိုးမဟုတ်ဘူးဆိုတာလေ ပြီးတော့ ဝေချုကလည်း အဲ့လိုမိန်းမမျိုးကို ကြိုက်မှာမဟုတ်ဘူး

ဆိုတော့ စုလဲ့ ပိုက်ဆံတွေက ဘယ်ကလာတာလဲ ကျန်းဝေ ရုတ်တရက် သူစုလဲ့ကို သူထင်ထာသလောက်တကယ်မသိဘူးဆိုတာ သဘောပေါက်လိုက်မိသည်။

လင်းချီ စုလဲ့ဆီလျှောက်သွားတာမြင်တော့ သူလင်းချီကို မတား အဲ့မိန်းမကို ကစားရမှာ သူပျင်းနေပြီလေ ပြီးတော့ ဒီလိုအခြေအနေမျိုးမှာတောင် သေချာမနေတတ်ဘဲ မျက်နှာပျက်ရရင် သူလည်း ယဉ်ကျေးနေစရာမလိုတော့ဘူးလေ

ဒီလူပြိန်းမ သခင်လေးကျန်း ဆိုတဲ့ အဆင့်အတန်းကို ကြိုက်တာဆိုတော့ အဆင့်အတန်းက ဘာလဲဆိုတာ သူမကို သင်ပေးရမှာပေါ့ အဲ့ဒါပြီးရင် သူနဲ့ဝေးဝေးမှာနေလိုက်တော့ ဒီမိန်းမကြောင့်သာမဟုတ်ရင် သူနဲ့စုလဲ့လည်း ဒီလိုဖြစ်မှာမဟုတ်ဘူးလေ

Hello Wife! (Mm translation)Where stories live. Discover now