M-49

1.7K 169 0
                                    

အခန်း ၄၉ မိန်းကလေးတစ်ယောက်ရဲ့ မာန

"ငါအခုသွားတော့မယ် ကားမောင်းတာ ဂရုစိုက်" စုလဲကလက်ထဲ အိတ်တွေအများကြီးသယ်ထားရင်း အနီရောင်ပြိုင်ကားထဲထိုင်နေတဲ့ချန်ယွဲ့ကိုပြောလိုက်သည်။

"ငါသိပါတယ် မနက်ဖြန် သေချာဝတ်စားလာဖို့ မမေ့နဲ့ ငါလည်းတက်ပြီး အဲ့ပြောချင်နေတဲ့ကောင်မတွေ အကုန်ပါးစပ်ပိတ်သွားအောင် လုပ်ပစ်မယ်" ချန်ယွဲ့က သူများ ဒုက္ခရောက်တာကို ကြည့်ရတာ ပျော်နေတဲ့ တက္ကသိုလ်က အတန်းဖော်တွေအကြောင်းတွေးမိပြီး မျက်မှောင်ကြုတ်ကာ "နတ်ဘုရားဝေကော မနက်ဖြန် တက်မှာမလား?"

စုလဲ့ ခေါင်းငြိမ့်ပြလိုက်သည်။ "မနက်ဖြန်တူတူသွားကြမယ်လို့ပြောတယ်"

"အာ့ဆို အေးဆေးပဲ နတ်ဘုရားကြီးတစ်ယောက်လုံး လိုက်စောင့်ရှောက်ပေးနေမှတော့ ဘယ်ငတုံးကများ နင့်ကိုခက်ခဲအောင်လာလုပ်ရဲမှာလဲ? ငါသွားတော့မယ် တာ့တာ" ချန်ယွဲ့ လီဗာနင်းပြီး ထွက်သွားတော့သည်။

စုလဲ့ သက်ပြင်းချလိုက်သည်။ ဝေချုက ချန်ယွဲ့စိတ်ထဲမှာ ခုထိ အဆင့်အတန်းမြင့်မားနေတုန်းပဲ တစ်ယောက်နဲ့တစ်ယောက်ဝေးကွာနေလေ အမြင်က ပိုလှပလေပဲလေ

——-

မိန်းမတွေက အလေးအနက်ထားတာ မထားတာ လျစ်လျုရှုတာ ဒါမှမဟုတ် အကျင့်ပုတ်တာမျိုးဖြစ်နိုင်ပေမယ့် သူတို့ရဲ့ ရည်းစားဟောင်းက သူ့စေစပ်ပွဲပါတီကိုဖိတ်တဲ့အခါ သူတို့မှာရွေးချယ်စရာ ၃ခုသာရှိသည်လေ အဲ့ဒါတွေက ဖိတ်တာကိုလျစ်လျုရှုတာ တက်ရင်လည်းတိုးတိုးတိတ်တိတ်နေတာ ဒါမှမဟုတ် ဂရုမစိုက်ဘူးဆိုတာပြဖို့ အလှဆုံးဝတ်စားသွားတာပင်

စုလဲ့စရိုက်နဲ့ဆို သူမက ဒုတိယရွေးချယ်စရာဖြစ်တဲ့တိုးတိုးတိတ်တိတ်နေခြင်းကိုသာရွေးမှာပင်  ဒါမဲ့ ဝေချုက သူမနဲ့တူတူတက်မယ်ဆိုတာသိတော့  လူမသိအောင်နေဖို့ဆိုတာ မဖြစ်နိုင်တော့ ဆိုတော့ချန်ယွဲ့နဲ့စျေးဝယ်ထွက်ရတော့တာပင် ဒါမဲ့လည်း သူမ သံသဃ ဝင်မိတာက ချန်ယွဲ့က စျေးဝယ်ထွက်ချင်လို့ စုလဲ့သေချာဝတ်စားသင့်တယ်လို့ အကြောင်းပြချက်ပေးတာလားလို့လေ

Hello Wife! (Mm translation)Where stories live. Discover now