M-18.2

2.3K 240 4
                                    

စုလဲ့ရဲ့ သူ့အပေါ် အထင်ကြီးမှုပုံရိပ်တွေ ထပ်ပျက်စီးသွားကာ လက်ပေါ်မေးတင်ပြီး "စီနီယာ ရှင်လို့လူက စားပွဲထိုးကို မုန့်ဖိုး ပေးတာပဲဖြစ်ဖြစ် စားပွဲမှာ ဟင်းတွေအများကြီးဖြည့်ပြီး ထမင်းပန်းကန်ထဲ ဟင်းနည်းနည်းပဲ ထည့်စာားတာမျိုး လုပ်သင့်တာ"

"တီဗီဒရာမာတွေ ကြည့်တာများပြီး ဦးနှောက်သိပ်မကောင်းတော့ဘူးထင်တယ်" ဝေချုက ရေနွေးကြမ်းတစ်ငုံသောက်ကာ ဆိုသည်။

စုလဲ့ ရေနွေးကြမ်းသောာက်တာတောင် ရှုထောင့်ပေါင်းစုံကနေ ကြည့်ကောင်းနေတဲ့သူဆီက အကြည့်ရုတ်ကာ "စီနီယာ ရှင့်ပြုံးတာက ကြည့်ကောင်းလွန်းလို့ ဘယ်သူမှတောင့်ခံနိုင်မယ်မထင်ဘူး"

ဝေချုက ခွက်ကိုချပြီး စုလဲ့ကိုနွေးထွေးမှုတွေနဲ့ကြည့်ကာ "တကယ်လို့ ဒီအလှထောင်ချောက်က မင်းအပေါ်အလုပ်ဖြစ်မယ်ဆို နေ့တိုင်း မင်းကိုပြုံးပြချင်ပါတယ်"

နေ့တိုင်း မျက်လုံးထဲ ကြင်နာမှုတွေ ပြည့်နေတဲ့ ကြည့်ကောင်းတဲ့ ယောကျာ်းတစ်ယောက်က နေ့တိုင်းပြုံးးပြနေမှာကို ဘယ်မိန်းကလေးက တောင့်ခံနိုင်မှာလဲ စုလဲ့တောင် ရင်ခုန်မိမှာတော့အမှန်

အသံတစ်သံကြားလိုက်ရပြီး စားချင်စဖွယ် ကြက်ကုန်းဘောင် စားပွဲပေါ်လာချလိုက်တာကို ကြားလိုက်ရသည်။ စုလဲ့မျက်တောင်ခတ်ပြီး "ဒီဟင်း....က တကယ် ကြည့်ကောင်းတာပဲ အမြင်လှတယ် အာ"

ဝေချု ပြုံးကာ "အင်းး အမြင်လှသားပဲ" ဟင်းက နည်းနည်းလောက်နောက်ကျမှ လာချရင် အကောင်းသားလို့ သူတွေးနေမိသည်။

စုလဲ့ သူမ ရင်ဘတ်ကို ပုတ်လိုက်သည်။ ကြည့်ကောင်းတဲ့လူတစ်ယောက်ရဲ့ အပြုံးက တကယ်စွမ်းအားကြီးတာပဲ စုလဲ့ ကြက်သားတဖတ်ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။ ဝေချုကို သူမ နောက်ထပ်စာအုပ်ရဲ့ မော်ဒယ်အဖြစ်သုံးလို့ရသည်။ အဲ့ဒါက ပြည့်စုံတဲ့သူက တကယ်တည်ရှိတယ်ဆိုတာ သူမကို ယုံကြည်စေသည်လေ

စားနေရင်း တဝက်လောက်ကျ ဝေချုကိုခေါင်းမော့ကြည့်လိုက်သည်။ တဖက်လူက သူမကို ပြုံးပြနေတာ မြင်တော့ စုလဲ့လက်တွေ တုန်ပြီး သူမလက်ထဲက နံရိုးက ချော်ကျကာ သူမ အဝတ်ပေါ်အရင်ကျပြီး ကြမ်းပြင်ကိုကျသွားတော့သည်။

Hello Wife! (Mm translation)Where stories live. Discover now