M-33

1.9K 188 0
                                    

အခန်း ၃၃ နားလည်သဘောပေါက်မှု

"ခုနက အတွက် ကျေးဇူးတင်ပါတယ် မနက်ဖန် ပိုက်ဆံပြန်ပေးပါ့မယ်" စုလဲ့က ဆိုဖာမှာထိုင်ရင်း ရေနွေးကြမ်းလေးသောက်ကာ ပြောလိုက်သည်။ ဆိုဖာပေါ်မှာ ထိုင်နေရင်း နဖူးကိုနှိပ်ကာ လက်ပ်တော့ကိုကြည့်လိုက်သည်။ သူမမျက်လုံးထဲက အကြည့်တွေက ရုတ်တရက် အနည်းငယ်ပြောင်းသွားတော့သည်။

"ပပြောပလောက်ပါဘူး မင်းယဉ်ကျေးနေစရာမလိုပါဘူး" ဝေချုက စုလဲ့စိတ်အခြေအနေ သိပ်မကောင်းတာမြင်တော့ "အလုပ်နဲ့ပက်သက်တာကတော့ နေ့လည်မှဆွေးနွေးလိုက်ပါ ဒီနှစ်အရောင်းရဆုံး ဝတ္ထုစာအုပ်တွေကိုယ့်မှာရှိတယ် မင်းဖတ်ချင်လား?"

စုလဲ့ ပြုံးကာ ခေါင်းခါပြပြီး "ဘာမှမဖြစ်ပါဘူး တွေ့မယ်လို့မထင်ထားတဲ့သူစိမ်းတစ်ယောက်ကိုတွေ့လိုက်ရရုံသက်သက်ပါ ခနနေရင် အလုပ်စလုပ်လိုက်ပါ့မယ် ကျွန်မ အသေးစိတ်ပြန်ပြင်ထားသေးတယ် ရှင်တချက်အရင်ကြည့်ကြည့်ပြီး အဆင်မပြေတာရှိရင် ပြောပါ"

"အလုပ်ကိစ္စက အချိန်မရွေးဆွေးနွေးလို့ရပါတယ်" ဝေချုက သက်ပြင်းချကာ စုလဲ့ရှေ့က ခွက်ကို ယူပြီး "ခနထိုင်ပါဦး ကိုယ် ရေနွေးခွက်အသစ်ယူပေးမယ်"

စုလဲ့ တံခါးပိတ်သွားတာကိုကြည့်ပြီး သူမ လက်ချောင်းတွေက လက်ပ်တော့က မောက်စ်ကို ထိလိုက်တာကြောင့် စခရင်ပြန်လင်းလာခဲ့သည်။ ဝက်ဆိုဒ်ကို ခနပိတ်လိုက်ပြီးတော့ သူမ ရင်းနှီးတဲ့ ပုံကို မြင်လိုက်ရသည်။

ထိုပုံက အရမ်းကို ရင်းနှိးလို့နေသည်။ သူမကို အံဩစေတာက ဝူထုံ သစ်ပင်တွေနားမှာ ရပ်နေတဲ့ရင်းနှီးတဲ့ပုံရိပ်တစ်ခုပင် သွင်ပြင်က ရင်းနှိီးနေပေမယ့် ဘယ်သူမှန်းမမှတ်မိ

ထောင့်အရကြည့်ရင် အဲ့လူရဲ့ခွင့်ပြုချက်မရဘဲ ရိုက်ထားတဲ့ပုံမှန်း သိသာလှသည်။ ဒါမဲ့ ပုံက တိုက်ဆိုင်သွားတာလား တမင်ရိုက်ထားတာလားတော့မသိ စုလဲ့ တခြားသူရဲ့ လက်ပ်တော့ထဲမှာကိုယ့်ပုံကို မြင်ရရင် ဘယ်အမျိုးသမီးမှတည်ငြိမ်နိုင်မှာမဟုတ်ဘူးလို့ တွေးလိုက်မိသည်။

အဲ့ဒါက အိတ်ကပ်ထဲကနေ ယွမ် ၁၀၀ အပိုတွေ့ပြီး အဲ့ ယွမ် ၁၀၀ ကဘယ်တုန်းကဟာမှန်း မမှတ်မိတာနဲ့တူသည် သုံးသင့်လား ဒါမှမဟုတ် ပိုင်ရှင် လာရှာတာစောင့်သင့်သလားဆိုတာမျိုးပေါ့

Hello Wife! (Mm translation)Where stories live. Discover now