M-7

3.4K 338 5
                                    

အခန်း ၇ သူ့အိမ်ကို ဝင်ခြင်း

ဝေချုအိမ်က စုလဲ့ထင်ထားထက်တောင်ခေတ်မှီသေးသည်။ နှစ်ထပ် ဗီလာသေးသေးလေးဖြစ်ပြီးတော့ အပြင်မှာ သိပ်မကြီးတဲ့ ဥယျာဉ်လေးတစ်ခုလည်းရှိသည်။ တဖက်မှာ ပန်းတွေအပင်တွေစိုက်ထားပြီး တဖက်မှာတော့ ဟင်းသီးဟင်းရွက်တွေစိုက်လို့ထားသည်။

ဗီလာထဲမှာ အကုန်သပ်ရပ်သန့်ရှင်းနေပေမယ့် အိမ်ဆိုတဲ့ ခံစားချက်မျိုးတော့မရ စုလဲ့ ဝင်ပေါက်မှာ ရပ်ရင်းကြောင်နေမိသည်။ တကိုယ်တည်း အမျိုးသမီးက ယောကျာ်းတစ်ယောက်အိမ်ကိုဝင်တာ သူမက အမျိုးသမီးတစ်ယောက်ရဲ့လုံခြုံရေးဆိုတဲ့ စည်းမျဉ်းကို ဆန့်ကျင်တဲ့ အမျိုးသမီးပဲဖြစ်ရမည်။

သူမရှေ့ကို ဖိနပ်တစ်ရံလာချမှသာ စုလဲ့ ပြန်အာရုံစိုက်လိုက်နိုင်သည်။ ဝေချုက နွေးထွေးတဲ့အပြုံးတစ်ခုနဲ "ဖိနပ်လဲလိုက်လေပိုသက်သောင့်သက်သာဖြစ်အောင်"

"အာ ကျေးဇူး" စုလဲ့က သူမ ဒေါက်ဖိနပ်ကိုချွတ်ပြီး ထို အမွှေးပွဖိနပ်ပါးတွေကိုကြည့်လိုက်သည်။ ဖိနပ်ပေါ်မှာချစ်ဖို့ကောင်းတဲ့သိုးငယ်လေးပုံတောင်ထိုးထားသေး အသစ်ဖြစ်ပုံပင်

ဝေချုက ပစ္စည်းတွေကောင်တာတစ်ခုပေါ်တင်ပြီး ဧည့်ခန်းထဲက စုလဲ့ဘက်ကိုလှည့်မေးသည်။ "လက်ဖက်ရည် သို့ကော်ဖီ ဘာသောက်မလဲ"

စုလဲ့က ဆိုဖာပေါ်ထိုင်ပြီး နည်းနည်းစိတ်ထဲ တမျိုးဖြစ်နေရင်း "အသီးဖျော်ရည်ရှိလား?" လို့မေးလိုက်သည်။ ဝေချုစီက ထမင်းအလကားစားရဖို့ သူ့အိမ်လိုက်လာမိတဲ့ ဆုံးဖြတ်ချက်ကို နောင်တရနေပါပြီနော် လက်ရှိအနေထားက နည်းနည်းကို့ရို့ကားယားနိုင်သည်လေ

စုလဲ့ကို လိမ္မော်ရယ်တစ်ခွက်ပေးရင်း စုလဲ့တမျိုးဖြစ်နေတာကို သတိထားမိတာကြောင့် သူမကို တီဗီ ရီမုတ်ပေးကာ "တီဗီအရင်ကြည့်နှင့် ဟင်းချက်တာ သိပ်မကြာပါဘူး" လို့ပြောပြီး သူမရှေ့ကို ကွာစေ့ ချပေးကာ မီးဖိုချောင်ထဲ ပြန်ဝင်သွားတော့သည်။

တီဗီ လိုင်းပြောင်းတော့ ရသစုံလင်ရှိုးတွေ  ကြော်ငြာတွေသာရှိသည။ ပြီးတော့ 'ကိုယ်မင်းကိုချစ်တယ် မင်းကလည်း ကိုယ့်ကိုချစ်တယ်' ဆိုတဲ့ တီဗီ ဒရာမာကော စုလဲ့ ချန်နယ်တွေအများကြီးပြောင်းနေပေမယ့် နောက်ဆုံးကျ တရုတ် တီဗီ ဒရာမာ တွေကို စိတ်ပျက်လာမိတာပဲ လူကြီးတွေကို ရိုင်းရိုင်းစိုင်းစိုင်းပြောနေတဲ့ အမျိုးသမီးဇာတ်ဆောင်ကိုမြင်တော့ မျှော်လင့်ချက်တောင်ပျောက်သည်။ ဇာတ်ကြောင်းက မကောင်းရင်တောင် ကယ်လို့ရသေးတယ် ဒါမဲ့ တုံးအပြီး ရိုင်းစိုင်းတဲ့ အမျိုးသမီးဇာတ်ဆောင်နဲ့ဆိုတော့ စုလဲ့ လက်လျှော့လိုက်တော့သည်။

Hello Wife! (Mm translation)Where stories live. Discover now