M-42

2K 197 1
                                    

အခန်း ၄၂ ကုမ္ပဏီ ခရီး

တန်ဝေ ရှိတဲ့ကုမ္ပဏီက ပိုင်ရှန်းနဲ့စာချုပ်တစ်ခုအောင်မြင်စွာ လက်မှတ်ထိုးနိုင်ခဲ့သည်။စုလဲ့က ဒီပူးပေါင်းမှုထဲ ဝင်မပါခဲ့ ပြီးတော့ တန်ဝေကလည်း စုလဲ့ကို ဒီကိစ္စထဲ ဝင်မပါခိုင်းပေ

တန်ဝေက သူမကိုကူညီနေမှန်း စုလဲ့သိသည်လေ ကျန်းတင်းက သူတို့ကြားက ကိစ္စကိုမသိပေမယ့် သူများမျက်လုံးထဲမှာတော့ စုလဲ့နဲ့တန်ဝေက အချစ်ပြိုင်ဘက်တွေပင် တန်ဝေက သူမတို့ကုမ္ပဏီက ကိုယ်စားပြုဖြစ်ပြီး စုလဲ့က သာမန်လက်ထောက်လေးပင် စုလဲ့ ဝင်မပါတာ အကောင်းဆုံးပင်

"ရှောင်လဲ့ အရောင်းဌာနက ဒေတာတွေထွက်လာပြီ ငါတို့ထုတ်ကုန်အသစ်က စျေးကွက်ကနေ တုံ့ပြန်မှုကောင်းကောင်းရတယ်" ကျန်းတင်းက စုလဲ့ရုံးခန်းထဲ အပြုံးတစ်ခုနဲ့ဝ်လာကာ "မင်းနဲ့ကျင်ချု လုပ်တဲ့ အစီစဉ်က ဒိလောက်ထိအောင်မြင်သွားတာ"

"ဒီနှစ် ဘောနပ်စ် ရမယ်ဆို ဆိုလိုချင်တာလား?" စုလဲက ကွန်ပျုတာကနေ ခွါပြီး ကျန်းတင်းအပြုံးကိုမြင်တော့ "အစ်မကျန်း ဒီလောက်ပျော်နေရအောင် တစ်ခုခုရှိလို့လား?"

"သေချာတာပေါ့" ကျန်းတင်းက စုလဲ့ခုံပေါ် ဒေတာကိုချကာ "ကုမ္ပဏီက ငါတို့ကို နာမည်ကြီး ဖူ တောင်ကို ဒီအပတ်အနားယူဖို့ခေါ်သွားပေးမယ်တဲ့ ကုန်ကျစရိတ်အားလုံးလည်း ကျခံမှာငါကြားတာတော့ တခြားကုမ္ပဏီကလည်း ငါတို့နဲ့ လာ join လိမ့်မယ်တဲ့" ပြောပြီးတာနဲ့ မျက်နှာမှာ ထူးဆန်းတဲ့အပြုံးတစ်ခုပေါ်လာတော့သည်။

စုလဲ့က ကျန်းတင်းကို ကြည့်မနေတာကြောင့် မသိလိုက်  ထိုစကား စာရိုက်ရင်း "ကောင်းတာပေါ့"

ကျန်းတင်းက စုလဲ့နဲ့ခနလောက်စကားပြောပြီး သူမ ကိုယ်ပိုင်ရုံးခန်းကိုပြန်သွားတော့သည်။ သူမနဲ့စုလဲ့ဆက်ဆံရေးက လက်မှတ်ထိုးထားတဲ့စာအုပ်တွေအစုံလိုက်ပေးပြီးနောက် ပိုရင်းနှိီးလာခဲ့တာပင် လက်ဆောင်လိုအရာမျိုးတွေက ဆက်ဆံရေးတွေကိုပိုနက်ရှိုင်းစေသည်လေ

-

စနေနေ့ မနက်ခင်းမှာတော့ စုလဲ့က သူမတို့ကုမ္ပဏီက ငှါးထားတဲ့ ဇိမ်ခံဘတ်စ်ကား တံခါးမှာရပ်နေခဲ့သည်။ သူမ သိလိုက်ရတာက ဘတ်စ်ကားက လူလေးဆယ်ဆန့်ပြီးတော့ တဝက်လောက်က ပြည့်နေသလို ထိုလူတေါကလည်း တခြားကုမ္ပဏီက လူတွေပင် ပြီးတော့အဲ့ကုမ္ပဏီသူဌေးက သူမကို တောက်ပစွာပြုံးပြနေခဲ့တာလေ  သူ့ဘေးမှာလည်း သူမကြိုက်တဲ့ မုန့်ဘရန်းတွေ အထုတ်လိုက်

Hello Wife! (Mm translation)Where stories live. Discover now