M-20.1

2.5K 242 2
                                    

အခန်း ၂၀ ပူးပေါင်းခြင်း

စျေးကွက်ထဲ ကို အအေးအမျိုးအစားတွေ ဝင်လာတာနဲ့ ကြော်ငြာတွေကလည်းတစ်ခုပြီးးတစ်ခု ပေါ်ထွက်လာစမြဲပင် သူတို့ရဲ့ အကျိုးပြုမှုတွေ အရသာတွေက နိုင်ငံခြားအရသာကို အသုံးပြုထားတာတွေ။ အေးခဲထားတဲ့ လတ်လတ်ဆတ်ဆတ်အသီးတွေ သူတို့ ရဲ့ ဆောင်ပုဒ်က များသောအားဖြင့် 'နိုင်ငံခြားသားတွေရဲ့အကြိုက်ဆုံးသောက်စရာ' ဆိုတာပင် သို့မဟုတ် 'တော်ဝင်သူတို့အနှစ်သက်ဆုံး'ဆိုတာမျိုး

စုလဲ့အလုပ်လုပ်တဲ့ကုမ္ပဏီက ပိုင်ရှန်း ကုမ္ပဏီလို့ခေါ်ပြီးတော့ သူ့ထုတ်ကုန်တွေက ရိုးရာလက်ဖက်ခြောက်ပေါ် အခြေတည်ထားတဲ့အအေးတွေပင် ပြီးတော့ ကုမ္ပဏီဆောင်ပုဒ်က 'ပြည်တွင်း- လူတွေရဲ့လူနေမှုအရသာကို မြည်းစမ်းကြည့်ပါ ပိုင်ရှန်းကို မြည်းစမ်းကြည့်ပါ' ဆိုတာပင်

စုလဲ့အမြင်အရဆို အဲ့လို ဆောင်ပုဒ်တွေက တခြားလူတွေသုံးတဲ့ 'တော်ဝင်သူတို့အကြိုက်ဆုံး' ဆိုတဲ့ ဆောင်ပုဒ်ထက် အများကြီး ပိုကောင်းသည်ဟုထင်သည်။ လူတွေက တော်ဝင်လားမဝင်လားအရေးစိုက်တာမှ မဟုတ်တာ သူတို့အတွက် အရေးကြီးတာကအရသာ စျေး ပြီးတော့ သူတို့နဲ့ကိုက်ညီမညီလောက်ပဲလေ ပြီးတော့ လူတွေက ကော်ဖီထက် လက်ဖက်စိမ်းကို ပိုသောက်ကြတာလည်း အဲ့ဒါကြောင့်ပဲလေ

ပိုင်ရှန်းနေရာက တော်တော်လေးကောင်းမွန်ပြီးတော့ သူတို့ စျေးကွက်ရှယ်ယာကလည်းတည်ငြိမ်သည်။ ကုမ္ပဏီကြီးတွေကို မယှဉ်နိုင်တောင် နာမည်မကြီးတာတော့မဟုတ်

-

ပိုင်ရှန်းမှာ အလုပ်လုပ်တော့ စုလဲ့ စျေးကွက်စတိုင်လ်နဲ့ ထုတ်လုပ်မှုကို နားလည်ိဖို့ ကြိုးစားခဲ့သည်။ သူမနေ့ရက်တွေက မဆိုးဘူးပြောရမည်။

"စုလဲ့ ဒီတင်ပြချက်က ဒေတာတွေကို စစ်ပြီးနောက်ထပ် ဖိုင်တစ်ခု ပြန်ရေးပေးလို့ရမလား ဖိုင်ကို ကော်ပီတစ်ခု ပရင့်ထုတ်ပြီး စီမံခန့်ခွဲရေးမန်နေဂျာကိုပေးပေး" လုပ်ဖော်ကိုင်ဖက်တစ်ယောက်က စုလဲ့ကို ဖိုင်တစ်ခုပေးလာတာနဲ့လှန်ကြည့်ပြီး ဘောပင်ယူကာ ဖိုင်ကို မှတ်ပြီး "စီမံခန့်ခွဲရေးမန်နေဂျာက အလုပ်ခရီးသွားနေတာမဟုတ်ဘူးလား?"

Hello Wife! (Mm translation)Where stories live. Discover now