M-29.1

1.8K 202 1
                                    

အခန်း ၂၉ ပြသာနာ

ဝေချုမှာ အရေးတကြီးလုပ်စရာပေါ်လာတာကြောင့် စုလဲ့ ဝေချု့ကုမ္ပဏီက အမျိိုးသမီးဝန်ထမ်းတချို့ကို တွေ့ဖို့ သွားလိုက်သည်။ သူတို့နဲ့ စကားမပြောခင် ယဉ်ကျေးစွာနှုတ်ဆက်လိုက်တော့ အားလုံးကလည်း ယဉ်ယဉ်ကျေးကျေးပြန်နှုတ်ဆက်လာကြသည်။

သူတို့က အတွေ့အကြုံရှိတဲ့လူတွေဖြစ်တာကြောင့် ကိုယ်ရေးကိုယ်တာတွေမမေး ဖက်ရှင်အကြောင်း စီးပွါးရေးအကြောင်း သို့မဟုတ် သူတို့အလုပ်နဲ့ပက်သက်တာတွေသာ ပြောကြသည်။ စုလဲ့က ထိုအမျိုးသမီးတွေကြားထဲမှာ သူမ ကုမ္ပဏီ ပိုင်ရှန်း မျက်နှာမပျက်အောင် လိုက်လျောညီထွေပြောနေခဲ့သည်။

"ခု ဘာမှလုပ်စရာမရှိမှတေ့ာ အလှပြင်ဆိုင်သွားရအောင်လေ" တစ်ယောက်က ထောက်ခံလာခဲ့သည်။ ဒီတိုင်းဆို စုလဲ့ငြင်းမှာမဟုတ်ပေမယ့် ဒီအမျိုးသမီးတွေအားလုံးက ဗီအိုင်ပီကဒ်တွေနဲ့လေ သူကတော့ သူမဘာသာ ပေးရမှာ

-

အလှပြင်ဆိုင်ကနေ ကုသမှု ယူပြီးတော့ စုလဲ့ သူမမျက်နှာ ဘာမှ တောက်ပြောင်ချောမွေလာတာမျိုးမခံစားရ အခန်းသေးသေးလေးထဲကနေ ထွက်ပြီး ဆိုဖာတစ်ခုပေါ်ထိုင်ကာ ဖက်ရှင်မဂ္ဂဇင်းတစ်ခုယူပြီး တခြားသူတွေထွက်လာမှာကိုစောင့်နေလိုက်သည်။

"ကော်ဖီရပါပြီ"

"ကျေးဇူး" စုလဲ့ စားပွဲထိုးမလေးကိုကျေးဇူးတင်ဖို့ ခေါင်းမော့လိုက်သည်။ ဒါမဲ့ ဘယ်သူလဲ ဆိုတာ မြင်လိုက်ရချိန် သူမမျက်နှာကအပြုံးက ချက်ချင်းတောင့်သွားသလို တဖက်လူအမူအရာဆို ပိုတောင်ဆိုးသေး

ကျန်းဝေက လင်းချီကို အလုပ်ထုတ်လိုက်တယ်ဆိုတာကြားပေမယ့် ဒီလိုအားလပ်ရက်အပန်းဖြေစခန်းမှာ လင်းချီ စားပွဲထိုးလာလုပ်နေမယ်မထင်ထား စုလဲ့အကြည့်လွှဲလိုက်တော့သည်။ သူမ လင်းချီနဲ့ မလိုတာတွေမပြောချင်

လင်းချီက ခါးမတ်ကာ နှာခေါင်းရှုံ့ကာ"ဒီလိုနေရာမျိုးမှာ နင့်ကိုတွေ့ရမယ်မထင်ထားဘူး ဝေချုက နင့်ကိုကောင်းကောင်းဆက်ဆံပုံပဲ"

"ငါမချမ်းသာတောင် အလှပြင်ဆိုင်တစ်ခုကိုတော့ သွားနိုင်ပါသေးတယ်" စုလဲ့က မဂ္ဂဇင်းကိုလှန်ရင်း အေးဆေးပြန်ဖြေသည်။ "တကယ်လို့ မိန်းမတစ်ယောက်က အရာအားလုံးကို ယောကျာ်းတစ်ယောက်ပေါ်မှီခိုနေရင် ကျရှုံးမှုတွေပဲရှိလာမှာ မိန်းမအဖြစ်ရှုံးတာတင်မဟုတ်ဘဲ လူဖြစ်ရှုံးတဲ့ထိလေ"

Hello Wife! (Mm translation)Where stories live. Discover now