M-50

1.9K 180 0
                                    

အခန်း ၅၀ သူတပါးကံဆိုးမှုကို ဝမ်းမြောက်ခြင်း

ကြည့်ကောင်းတဲ့လူနဲ့ ဘရန်းဒက်ကား ကြော့မောနေတဲ့ကားနဲ့လှပတဲ့အမျိုးသမီး ဒီလို ပူးပေါင်းမှုမျိုး ပေါ်လာရင်လူတွေရဲ့အာရုံကို ဆွဲဆောင်စမြဲပင် အဲ့ဒါကြောင့်ဝေချုကားရပ်သွားတော့ လူတွေအများကြီးက သူတို့ရှိရာဘက်ကိုကြည့်လာကြသည်လေ

"ကြီးမြတ်တဲ့နတ်ဘုရားကြီးရောက်ရှိလာပြီပဲ" ချန်ယွဲ့က လီရှုရန်အနားကဖြတ်သွားရင်း ထိုသို့ပြောတာ ကြားတော့  ရယ်ကာ "ဘုရင်မ ဝင်လာတာကိုလည်းမြင်နိုင်မှာပါ"

"ဘာကိုဆိုလိုတာလဲ? ဘုရင်မ..."လီရှုရန် မျက်လုံးပြူးသွားတော့သည်။ ဝေချုကကားပေါ်ကဆင်းပြီးတော့ တဖက်က ကားတံခါးကိုသွားဖွင့်ပေးတာကို မယုံနိုင်ပင် ခရီးသည်တင်ခုံမှာလည်း ထိုင်နေတဲ့သူရှိပြီးတော့ အမျိုးသမီးတစ်ယောက်ပင်!

ဝေချုလက်ကိုကိုင်လိုက်တဲ့ ဖြူဖွေးနေတဲ့လက်တစ်ဖက်ကို လူတိုင်းကြည့်နေကြသည်။ထို့နောက်။ သွယ်လျတဲ့ခြေတံလေးက ကားပေါ်ကနေထွက်လာခဲ့သည်လေ ထိုအမျိုးသမီးခြေတံလေးက တအားကိုလှပသည်လေ ပါတီမှာရှိနေတဲ့ ယောကျာ်းလေးတွေအားလုံးကလည်း ထိုမိန်းကလေးက ဝေချုရဲ့ကောင်မလေးလားဆိုတာ ခန့်မှန်းနေကြတော့သည်။

"စုလဲ့?" လီရှုရန် စုလဲ့က ဝေချု့လက်ကိုကိုင်ပြီး ကားပေါ်ကဆင်းလာတာမြင်တော့လန့်သွားတော့သည်။ စုလဲ့က ဝေချု့ဘေးမှာရပ်လိုက်တော သူမ တည်ရှီမှုက သူနဲ့ဖုံးကွယ်မသွားဘဲ သူမက ပြည့်စုံတဲ့ အတွဲလို တောက်ပနေခဲ့သည်လေ လီရှုရန်ကျန်းဝေ ကိုလှမ်းကြည့်မိလိုက်တာ့ သူကလည်း စုလဲ့နဲ့ဝေချုကို ကြည့်နေခဲ့သလို သူမျက်နှာထားကလည်း သူများတွေလိုပဲ ကောင်းမွန်မနေ

မေးကိုထိပြီး စုလဲ့မကောင်းကြောင်းပြောထားတဲ့လူတွေကိုကြည့်လိုက်မိသည်။ ထင်ထားသလိုပင် သူတို့အမူအရာတွေက အရမ်းကိုမှ....စိတ်ဝင်စားစရာကောင်းလှသည်လေ ဘဝက ပြဇာတ်တစ်ခုနဲ့တူပြီးတော့ ပြဇာတ်ကလည်း ဘဝနဲ့တူသည်လေ ဒီလိုပြဇာတ်မျိုးကတော့ကြည့်ရမှာစိတ်ဝင်စားစရာအပြည့်

Hello Wife! (Mm translation)Where stories live. Discover now