M-24.2

2K 229 1
                                    

စုလဲ့ ကဝေချုကို ဒေါသတကြီးလှည်ကြည့်ပြီး ရှ့င်အနာဂတ်ကောင်မလေးသာသိရင် ဒေါသထွက်မှာအသေချာပဲလို့ ပြောလို့နေသည်။

တွေးကြည့်လိုက်တော့ စုလဲ့ စိတ်အေးသွားတော့သည်။ ပြောရရင် သူမဘာမှဆုံးရှုံးတာမှမဟုတ်တာ ပြီးတော့ နောင်ကျ ဒီလူတွေနဲ့တွေ့ဖို့ အကြောင်းကလည်းသိပ်မရှိဘူးလေ ပြီးတော့ ဝေချုနောင်ကျ ကောင်မလေးရလာရင် သူတို့အထင်လွဲနေမှန််း အလိုလိုသိသွားကြလိမ့်မယ်လေ ထိုသို့တွေးမိပြီး စုလဲ့ မုန့်ချိုတွေကို ပျော်ရွှင်စွာထိုင်ယူတော့သည်။ ဒိက လူတွေက တအားဖော်ရွေနေသလို မုန့်တွေကလည်း စျေးကြီးတယ်လေ ငြင်းရင် ရိုင်းရာကျမှာပေါ့

စုလဲ့ မျက်နှာထား အမြန်ပြန်ကောင်းသွားတာကိုကြည့်ပြီးဝေချု နောင်တရသွားသလိုပင် စိတ်ပိုင်းဆိုင်ရာသန်မာတာကလည်း ကောင်းတဲ့အရာတော့မဟုတ်ဘူးပဲ

-

မင်္ဂလာပွဲ ပြီးဆုံးသည်နှင့် ပွဲတော် စတင်တော့သည်။  အအေး ဟင်းလျာများ အရင်ရောက်လာသော်လည်းဘယ်သူမှ တူကိုင်တာမတွေ့တာနဲ့ စုလဲ့လည်း တူမကိုင်ရဲ

"အားလုံးက မိသားစုဝင်တွေပဲ။ ကျင့်ဝတ်တွေ မလိုပါဘူး စားရအောင်" လို့ သူ့တူတွေကိုကိုင်ကာ လူကြီးတစ်ယောက်က ပြောလာသည်။

စုလဲ့က တခြားလူတွေ အတိုင်း အတုယူကာလိုက်စားတော့သည်။  အစားအသောက် အရသာ တော်တော်ကောင်းတာပင်  ဒီပွဲအတွက် စားဖိုမှူးကို အထူးတလည် ငှါးထားပုံရသည်။ သူမ အနည်းငယ် ခါးသီးမှုတောင်ကိုတောင် ခံစားလိုက်ရသည်။ အချို့ကိစ္စတွေတွင် သာမာန်လူတွေနဲ့ ယှဉ်လျှင် ချမ်းသာတဲ့သူတွေက ပိုပြီး သာလွန်တာကြောင့်  ချမ်းသာတဲ့လူတွေကိုမှီခိုခိုင်းကြတာပေါ့လေ

စားနေရင်းလူတွေက ရယ်လိုက် မောလိုက် ဟာသပြောလိုက် သူများကလေးကိုချီးမွမ်းလိုက်နဲ့ပင် စုလဲ့အတွက်ကတော့ သူမနဲ့မဆိုင်တာတွေဝင်ပြောမယ့်အစား စားသာစားနေခဲ့သည်။

"စုလဲ့ သမီးက ဘယ်ကလာတာလဲ?" ဝေချု့အမေက ရုတ်တရက် စုလဲ့ဘက်ကိုလှည့်လာကာ "ရှောင်ချုနဲ့ တူတူထိုင်လိုက်တော့ ဒီအဘွားကြီးကြောင်တောင် ကြောင်သွားတာ"

Hello Wife! (Mm translation)Where stories live. Discover now