M-27.2

1.9K 205 3
                                    

လက်ဖက်ရည်သောက်ပြီးတော့ စုလဲ့နဲ့ဝေချု တူတူဂေါ့ဖ် သွားရိုက်လိုက်ကြသည်။ စုလဲ့က အပေါက်ထဲ ဘောလုံးဝင်အောင်မသွင်းနိုင်တာက ပြသာနာပင် သူမ ကျွင်းထဲ ဝင်အောင်သွင်းတိုင်း ဘောလုံးကပိုပို ဝေးသွားတာကို ကြည့်ပြီးး သူမပါးတွေရဲလာတော့သည်။

စုလဲ့ ကိုယ့်ကိုကိုယ် အထင်ကြီးနေတာလေးတွေ ထိခိုက်လာတာနဲ့ ဂေါ့ဖ် မရိုက်တောဘဲ ဘတ်စကတ်ဘော စပစ်ကြတော့သည်။ သူမက ရှုပ်ထွေးတဲ့ဂိမ်းတွေမဆော့နိုင်တာကြောင့် သူမဆော့နိုင်တာဆိုလို့ ဖြည်းဖြည်းချင်းရွေ့နေတဲ့ ဘတ်စကတ်ကွင်းထဲ ဘတ်စကတ်ဘောလုံးကို ပစ်ထည့်တာပင် တကယ်လို့ သူမ အမှတ် ၂၀ မှာ ၁၈ မှတ်ရမယ်ဆို သူမ အရုပ်လေးတစ်ရုပ်ရနိုင်မှာပင်

ကံဆိုးစွာနဲ့ ဘောလုံး ၂၀ ပစ်ပြီးတာတောင် သူမဝင်တာဆိုလို့ ၄ လုံးသာရှိသည်လေ စုလဲ့ ဒီကိုလာမိတာ မှားပြီဟု ခံစားနေရသည်။ ဒီနေ့ကအကင်နေ့ မဟုတ်ဘူး စုလဲ့ရဲ့ ယုံကြည်မှုတွေကို ဖျက်ဆီးတဲ့နေ့ပင် သူမ အသဲကွဲနေတော့သည်။

"ဘာဖြစ်လို့လဲ" ဖုန်းသွားပြောနေတဲ့ ဝေချုက စုလဲ့ တဖက်မှာ ပုခုံးလေးအောက်ကျပြီး ရပ်နေတာကိုမြင်လိုက်ရသည်။ စားပွဲပေါ်မှာတင်ထားတဲ့အရုပ်လေးတွေကိုကြည့်ပြိး သူဘာဖြစ်တာလဲခန့်မှန်းနိုင်လိုက်သည်။ "မင်းအရုပ်လိုချင်လို့လား?"

စုလဲ့ ခေါင်းငြိမ့်ပြကာ ဝေချု ဘတ်စကတ်ဘောလုံးပစ်တာကိုကြည့်နေခဲ့သည်။ သူမ တိတ်တိတ်လေးတွေးနေမိတာက ဘာလို့ ဒီပုံစံက ဒရာမာထဲကနဲ့တူနေတာလဲလို့ပင် အမျိုးသမီးဇာတ်ဆောင်ပျော်အောင်လို့ အမျိုးသားဇာတ်ဆောင်က ဆုယူပေးသလိုမျိုးလေ အဲ့လို ဒရာမာတွေမကြိုက်တဲ့စုလဲ့ ပျော်ရမလား အဲ့လို ဇာတ်ကားထဲကလို ဖြစ်ရပ်မျိုးလာဖြစ်လို့ ကံကောင်းတယ်လို့ ခံစားလိုက်ရမလားတောင်မသိတော့

သူမ ထင်ထားလိုက်သေးတာက နတ်ဘုရားကြီး ဝေချုက တစ်ခါတည်းနဲ့ ဘောလုံး ၂၀ လုံးဝင်ပြီး ပွေ့လို့ရတဲ့အရုပ်ကြီးရမယ်ပေါ့ ဒါမဲ့ သူမခန့်မှန်းတာ တဝက်ပဲမှန်သည်လေ ဘတ်စကတ်ဘောလုံး ၂၀ မှာ ၁၈ လုံးသားဝင်ကာ ဝေချုက လက်မလျှော့ဘဲ ဆက်ကြိုးစားလိုက်သည်။

Hello Wife! (Mm translation)Where stories live. Discover now