M-4.2

4.1K 360 2
                                    


သန့်စင်ခန်းထဲတွင် စုလဲ့က သက်ပြင်းချပြီး မှန်ထဲ ကြည့်လိုက်မိသည်။ သူမရုပ်ရည်က သာမန်ထက် ကြည့်ကောင်းတယ်ဆိုပေမယ့် အလှလေးတော့မဟုတ် ဝေချုက သူမကို သနားလို့ ဒီအခြေအနေကနေ လွတ်အောင်လုပ်ပေးတယ်ဆိုပေမယ့် ဒီနေရာကနေ ဘာမှအကြောင်းပြချက်မရှိဘဲ လွတ်သွားနိုင်ရင် သူမ တကယ်ထီပေါက်နိုင်တော့မှာ

အိတ်ကိုဖွင့် ဖုန်းထုတ်ပြီး ချန်ယွဲ့ကို ခေါ်မလို့ရှိသေး လင်းချီ သန့်စင်ခန်းထဲ ဝင်လာတာမြင်ငတော့ သူမလည်း လှည့်ထွက်ဖို့ပြင်သည်။

"စုလဲ့ နင်ကျန်းဝေကိုလွယ်လွယ်စွန့်ပစ်တာ အံဩစရာမရှိတော့ပါဘူး အခု နင်က ဝေချုကို ကြည့်နေပြီဆိုတော့လေ" လင်းချီက မျက်နှာကို မိတ်ကပ်ပြင်ရင်း "နင်က အမြဲဒီလိုပဲနော် သန်မာပြီးလွတ်လပ်တဲ့မိန်းမလို ဟန်ဆောင်တယ် ဒါမဲ့ အဆုံးကျ နင်လည်းတခြားမိန်းမတွေလိုပါပဲ"

စုလဲ့ခြေလှမ်းရပ်သွားတော့သည်။လင်းချီစကားတွေက ဘောင်ကျော်လာပြီလေ "လင်းချီ နင်ကျန်းဝေကို တကယ်ကြိုက်တာဆို နင်ပြောလိုက်တဲ့စကားကို သတိထားသင့်တယ် ကျန်းဝေရှေ့မှာ ဒီလိုတွေလုပ်နေတာ သူနင့်ကိုသဘောမကျတော့မှာ မစိုးရိမ်ဘူးလား?"

"ဟမ့်" လင်းချီက သူမ နှုတ်ခမ်းနီကိုအိတ်ထဲ ပြန်ထည့်ကာ ဆံပင်ကိုသပ်ပြီး "ယောကျ်ားတွေက သန်မာတဲ့မိန်းမတွေကို ကြိုက်တယ်ပြောတယ် ဒါမဲ့ တကယ်တန်း သူတို့ကို သူတို့မိန်းကလေးတွေက သဝန်တိုတာကို မကြိုက်တဲ့ယောကျ်ားဘယ်မှာရှိလို့လဲ မိန်းမတွေက ပိုသဝန်တိုပြလေ ယောကျ်ားတွေက ပိုပျော်လေပဲ ကျန်းဝေက ဘာလို့ဖောက်ပြန်လဲ နင်က တအားစည်းခြားထားလို့လေ ယောကျ်ားတွေက မိန်းမတွေကိုလေးစားမှုပြတဲ့သူတွေဆိုပေမယ့် တကယ်တန်း သူတို့ကြောင့် မိန်းမတွေ အချင်းချင်းတိုက်ခိုက်နေတာကို ကြည့်ရတာပျော်တဲ့သူတွေ"

စုလဲ့က လင်းချီကိုဘာမှမပြော သူမ ဒိလိုပြောလာလိမ့်မယ်လို့လည်းမထင်ထား လင်းချီပြောတာက မှားနေတာမျိုးလည်းမဟုတ် လင်းချီက သူမနဲ့ပြိုင်ဖို့လုပ်နေပေမယ့် တကယ့်ကိုတချို့ယောကျ်ားတွေက သူတို့အတွက် မိန်းမတွေ တိုက်ခိုက်နေတာကိုကြည့်ရတာ သဘောကျကြသည်လေ သူတို့တော်ကြောင်း သက်သေပြဖို့ပေါ့

Hello Wife! (Mm translation)Where stories live. Discover now