M-22.1

2.2K 224 3
                                    

အခန်း ၂၂ ခေါ်ဆိုပုံ ပြောင်းခြင်း

စုလဲ့ ဖုန်းချလိုက်ချိန်က ည ၁၁ တောင်ထိုးနေပြီပင် သူမ ဖုန်းခေါ်ဆိုမှုကို ကြည့်လိုက်တော့ ကြာချိန်က ၄၈ မိနစ်နဲ့ ၅၂ စက္ကန့်ပင် သူမ စိတ်ထဲ ဖော်ပြလို့မရအောင် ပျော်သွားခဲ့တာ တစ်ယောက်ယောက်က အချိန်ဖြုန်းဖို့ သူမကို ဖုန်းခေါ်လိုက်တာနဲ့ စိတ်ပျော်သွားတာတဲ့

ရာသီဥတု အကြောင်း ဝတ္ထုအကြောင်းပြောတတ််တဲ့လူလို့ ဝေချုကို တစ်ခါမှမတွေးမိခဲ့ နဂိုအေးစက်ပြီး ရင်းနှီးဖို့ ခက်ခဲတဲ့သူလို့ ထင်ထားတာ ဒါမဲ့ သူကလည်း သာမန်လူတစ်ယေက်လိုပဲ ဘယ်ဆိုင်က ဘာစားကောင်းတယ် ဘယ်ရာသီဥတုက စိတ်ညစ်ဖို့ကောင်းတယ် လမ်းပိတ်တာက ဘယ်လိုစိတ်တိုဖို့ကောင်းတာမျိုးကအစ ညည်းတွားတတ်တဲ့သူဖြစ်နေခဲ့တာ

'ကြီးမြတ်တဲ့နတ်ဘုရား' လို့ နာမည်ပေးရမယ့် ဝတ္ထုထဲကလို ပြည့်စုံတဲ့ ဇာတ်ဆောင်လိုမျိုးကမှ သူနဲ့ကိုက်ညီတာ ဒါမဲ့ ဒီလိုမျိုးတွေမြင်ထားရတော့ ဝေချုက သာမန်လူတစ်ယောက်လို ပြုမူနေသလိုပဲ

-

ဖုန်းကိုပိတ်ကာ စောင်ကို ခြုံပြီး အိပ်လိုက်တော့သည်။

-

နောက်နေ့ စုလဲ့ အလုပ်ပြီးခါစ ရှိသေး ကျန်းတင်းက သူမ ရုံးခန်းကို ခေါ်လိုက်သည်။ စုလဲ့ ဖိုင်တစ်ဖိုင် ယူကာ ကျင်ချုဆီ သွားဖို့ပြင်သည်။

အချိန်ကိုကြည့်လိုက်တော့ နေ့လည် ၂ နာရီခွဲပင် စထွက်ဖို့ အချိန်ကောင်းပဲ

ကျင်ချု အဆောက်ဦးဝင်ပေါက်ကိုရောက်တော့ ကျန်းတင်းက ခေါင်းမော့ာ ကျင်ချုရဲ့ တောက်ပနေတဲ့လိုဂိုကို ကြည့်လိုက်သည်။ ပိုင်ရှန်းမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တာ ပထမဆုံးအကြိမ် ဝေချုကို မြင်ဖူးတာက ဝေချု အဘိုးမွေးနေ့ပွဲမှာပင် အဲ့တုန်းက ဝေချုက ဒုတိယနှစ်ကျောင်းသားသာရှိသေးသည်။ဘွဲ့ရပြီးတော့ ကိုယ်ပိုင်ကုမ္ပဏီ စလုပ် ခဲ့တာ ဒီနှစ်အနည်းငယ်အတွင်းမှာ ဒီလောက်ထိ တိုးတက်လာခဲ့တယ် အဲ့ဒါကြောင့်လည်း ဝေမိသားစုက အဘိုးအိုက ဝေချုအကြောင်းပြောလိုက်တိုင် မျက်နှာမှာ အမြဲ ဂုဏ်ယူမှုတွေနဲ့ပြည့်နေတာ

Hello Wife! (Mm translation)Where stories live. Discover now