M-30.2

1.9K 194 2
                                    

ဝေချု ဆက်ဆံရေးတွေကြား အကူညီတောင်းမှုတွေကို နားလည်သည်လေ သူလည်း ချန်ရှု နဲ့ နှစ်ပေါင်းများစွာ သူငယ်ချင်းတွေဖြစ်နေတော့ သဘောတူရုံသာတတ်နိုင်သည်။ "ကောင်းပြီလေ မင်းအချိန်စီစဉ်လိုက်"

"အိုခေ အဲ့ဒါက လောင်တ မိန်းမ လိုက်တာကို ကြန့်ကြာစေမှာမဟုတ်ဘူး စိတ်ချ" ချန်ရှုက သူ့တာဝန်ပြီးသွားတော့ ပျော်သွားတော့သည်။ ဒါမဲ့ သူ့အမေရဲ့ သူငယ်ချင်းဟောင်းအကြောင်းကိုတွေးမိတာနဲ့ ခေါင်းကို နှိပ်လိုက်ရတော့သည်။

-

တနင်္လာနေ့

စုလဲ့ ကုမ္ပဏီကိုဝင်တာနဲ့ အထွေထွေမန်နေဂျာက ပူးပေါင်းတဲ့ ပါတနာနဲ့ သေချာ အလုပ်ကောင်းကောင်းလုပ်သင့်တယ်ဟု ဆိုတာ ကျင်ချုကို လွှတ်လိုက်သည်။ နောင် အလုပ်ဝင်ရင်လည်းကျင်ချုကိုတန်းသွားဖို့မှာလိုက်သေးသည်။

စုလဲ့ သူမကိုယ်သူမ စျေးချထားတဲ့ ထုတ်ကုန်တစ်ခုလို ခံစားလိုက်ရသည်။ ဖိုင်တစ်ဖိုင်ကို ကိုင်ပြီး ကျင်ချုကိုရာက်တော့ ဧည့်ကြိုကောင်တာက ကောင်မလေးက သူမကို ရင်းနှီးဖော်ရွေစွာ ပြုံးပြီးနှုတ်ဆက်လာခဲ့သည်။ စုလဲ့ သူမကိုယ်သူမ ပိုင်ရှန်းက ဝန်ထမ်းမဟုတ်ဘဲ ကျင်ချုကလို့တောင်ခံစားလိုက်ရသည်။

သူမ ဓာတ်လှေကားကိုသွားရင်း အရင်က အပေါ်ထပ်ကိုခေါ်သွားပေးတဲ့ တူညီတဲ့ဝန်ထမ်းကိုပဲ ထပ်တွေ့လိုက်ရသည်။ ထိုလူက အသက် ၅၀ အထက်လောက်ရှိတဲ့ အမျိုးသားတစ်ယေယာက်နဲ့ အမျိုးသမီးတစ်ယောက်ကိုခေါ်သွားပေးနေတာပင် ထိုအမျိုးသမီးက နာမည်ကြီးအဝတ်စားတွေ ပစ္စည်းတွေဝတ်ဆင်ထားပေမယ့် သူမ စိတ်ထဲ ကြည့်ပြီးတမျိုးဖြစ်လို့နေသည်။ ပြီးတော့ မျက်နှာက ကြည့်လှပေမယ့် ထေ့ငေ့ါနေသလိုပင် သူမ ဘေးက အမျိုးသားက နည်းနည်းခပ်ပြည့်ပြည့် ဖြစ်နေပေမယ့် ငယ်ငယ်တုန်းက ကြည့်ကောင်းတဲ့လူတစ်ယောက်ဆိုတာ ပြောနိုင်သည်လေ

သူ့အမူအရာကို ကြည့်ပြီး သူက အလွယ်တကူ စကားပြောဆိုလို့ရမယ့်သူဆိုတာ သဘောပေါက်လိုက်သလို သူမ ရင်းနှီးနေသလိုပင် ဘယ်မှာ တွေ့ဖူးသလဲတော့ မသ်ိပေမယ့်ပေါ့

Hello Wife! (Mm translation)Where stories live. Discover now