(၂၀၉) မမ...! တူတူ အိပ်ရအောင်...!

3K 505 4
                                    

Burmese Translation of "Doomed to be Cannon Fodder".

Translator - NC

(၂၀၉) မမ...! တူတူ အိပ်ရအောင်...!

ယွီခွမ်း သူမအခန်းထဲကို ရုတ်တရက်ကြီး ဝင်လာတော့ ပိုင်ရှန်းရှို့ လန့်သွားရတာ။ သူက သိပ်ကို တက်ကြွရွှင်မြူးနေတဲ့ ကလေးငယ်တစ်ယောက်လို ကုတင်ပေါ်တောင် ခုန်တက်လိုက်ပြီး လက်နှစ်ဖက် ဖြန့်ကားပေးလေတယ်။ 'သူ ငါ့ကို ဖက်အိပ်ချင်တယ်လို့ ပြောနေတာလား'

'ဟယ်လို ဟယ်လို၊ ဒီကောင်လေး ရူးများ သွားပြီလား'

'သူ လုံဟန့်ကို ရန်စနေတာလားပဲ' ပိုင်ရှန်းရှို့ အတွေးထဲ မေးခွန်းပေါက်းများစွာ ဝင်လာတော့တယ်။ သူမ အဲ့လိုဗျားများနေရင် ချစ်စရာတော်တော်လေးကောင်းတာ။

"မမ လာ အိပ်လေ"

"နင်က... ယွီရှုလား" ပိုင်ရှန်းရှို့ ပြတင်းပေါက်ဖွင့်ပြီး ကောင်းကင်ကြီးကို မော့ကြည့်လိုက်တယ်။ 'နင့်မေ...! ဘာလို့ လကြီး ပြည့်နေတာလဲ၊ နေဦး သူ ခါတိုင်းလို ကိုယ့်ဖာသာကိုယ် ကြိုးမတုပ်ထားဘူးလား၊ ဘာကိစ္စ ငါ့အခန်းထဲ ရုတ်တရက်ကြီး ဝင်လာတာလဲ'

'မဟုတ်သေးဘူး၊ သူ ကိုယ့်ကိုယ်ကိုယ် ချည်ထားတုပ်ထားဖြစ်လောက်တယ်' သူ့လက်ကောက်ဝတ်မှာ ပွန်းနေတဲ့ အရာလေးတွေ သူမ တွေ့ရတယ်လေ၊ သူ သေချာပေါက် ကြိုးတုပ်ထားတာကို အတင်းဖြေဖြုတ်ပြီး လာတာကနေ ဖြစ်ရတာနေမယ်။ သူ့လက်တွေ တော်တော်လေး စုတ်ပြီး သွေးတွေ ထွက်ကာ အနာတရဖြစ်သွားခဲ့တာပဲ။

"နင်ဟာလေ အရမ်းဆိုးတဲ့ ကလေးပဲ၊ ဒဏ်ရာရနေတာကို ဘာလို့ လျှောက်သွားနေတာလဲ" ပိုင်ရှန်းရှို့ အခန်းထဲမှာ အပြင်ပန်းဒဏ်ရာအတွက် ဆေးတွေ လိုက်ရှာပြီး သူ့လက်ကို ဆွဲယူကာ လိမ်းပေးလိုက်တော့တယ်။ ဒါပေမဲ့ ယွီရှုက ဒါကို အခွင့်ကောင်းယူကာ သူမကို အိပ်ရာထဲ ဆွဲချလေတယ်။

"အား...!" ပိုင်ရှန်းရှို့ အငိုက်မိသွားပြီး အိပ်ရညထဲ လဲကျသွားတော့တယ်။ သူမကို ယွီရှုကလဲ ချက်ချင်း သိမ်းကျုံးပွေ့ဖက်လိုက်လေတယ်။

လုံဟန့် အဲ့အဖြစ်တွေအကုနခ မျက်မြင်တွေ့သွားတာပေါ့။ အသံဗလံတွေ ကြားတာနဲ့ ရေချိုးကန်ထဲကနေ ခါးပိုင်းအစည်းလေးတစ်ခုတည်းနဲ့ တက်လာတာ။ ဒေါသတွေ အရမ်းထွက်နေတာနဲ့၊ ပိုင်ရှန်းရှို့ကို ယွီခွမ်းလက်ကနေ အတင်းဆွဲလုပြီး ယွီခွမ်းကိုပါ ပိတ်ထိုးပစ်လိုက်တော့တယ်။ ထင်မထားမိတာက၊ ယွီခွမ်းက မရှောင်တာပဲ၊ မျက်နှာတည့်တည့်ပိတ်ထိုးတာကို အပြည့်အဝငြိမ်ခံနေတယ်။ 'သူ ဘာဖြစ်နေတာလဲ' ဒါ အတော်ထူးဆန်းတယ်လို့ လုံဟန့်တွေးလိုက်မိတယ်။ ဒီလိုမျိုး ပေါ်ပေါ်ထင်ထင် တိုက်ရိုက်ကြီးထိုးတာမျိုးဆို ယွီခွမ်းရဲ့ သိုင်းပညာအရ အိပ်ပျော်နေလျက်နဲ့တောင် ရှောင်နိုင်မှာ။ ပိုထူးဆန်းတာက သူ့မှာ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်စွမ်း တောင့်ခံနိုင်စွမ်း အရိပ်အယောင် ဟန်ပန်လေးတောင် မရှိတာပဲ။ တစ်ချက်ထိုးလိုက်တာနဲ့ လွင့်စင်လဲကျသွားတဲ့ အထိ ဖြစ်သွားခဲ့တယ်။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 2]Where stories live. Discover now