(၂၁၃) ကံကဆိုး၊ မြေအောက်အကျဉ်းထောင်တွင်း ချုပ်နှောင် ပိတ်ထားခံရ

2.3K 460 12
                                    

Burmese Translation of "Doomed to be Cannon Fodder".

Translator - NC

(၂၁၃) ကံကဆိုး၊ မြေအောက်အကျဉ်းထောင်တွင်း ချုပ်နှောင် ပိတ်ထားခံရ

သူမက အချောအလှလေး ဖြစ်ရုံတင်မကဘူး၊ သူမက ကြယ်ပွင့်သဖွယ် ထင်ရှားကျော်ကြားတယ်။ သူမက အိမ်တော်ရာကြီးတွေရဲ့ ဗိုင်းကောင်းကျောက်ဖိ အိမ်ထောင်ရှင်မ အမျိုးကောင်းသမီးလေးလဲ ဖြစ်တယ်။ သူက ဒီလို မိန်းမလှမျိုးကိုမှ စိတ်အဝင်စားဆုံးပဲ။ မိန်းမတွေ ဘယ်လောက် စွဲဆောင်မှုရှိရှိ အညှာလွယ်နေရင် သူ စိတ်မပါတော့ဘူး။ ပိုပြီးအရေးကြီးတာက သူမက လုံဟန့်ရဲ့ အမျိုးသမီးဖြစ်နေတာပဲ။ အဲ့ဒီ လုံဟန့်က အေးတိအေးစက်နိုင်ပြီး ကြောက်ဖို့ကောင်းတယ်။ မာန်ကြီးတယ်၊ စိတ်ကြီးတယ်ဆိုပေမဲ့ လုံဟန့်တစ်ယောက် ဒီမိန်းကလေးလို အနုအရွအလှလေးကို ကစားတာ ပျက်လုနီးပါး ရွဲပလဲ သွားပြီလား ချန်ထောက် သေချာ မပြောတတ်ဘူး။ စစ်တိုက်နေတုန်းကြီးကိုတောင် လုံဟန့်က သူမကို အပါခေါ်လာတာ။ အဲ့ဒါကြောင့် လုံဟန့်က ဒေသခံအမျိုးသမီးတွေကို စိတ်မဝင်စားတာနေမယ်။ သူ့ဘာသာ အသုံးပြုစရာ မိန်းမရှိနေတာကိုး။ အခု ဒီစစ်ရေးဗျူဟာရှင်ဆိုတဲ့ ဆရာကို ကြည့်ရတာ ယောက်ျားလေး ဝတ်စုံ ဝတ်ထားပေမဲ့ သူမရဲ့ ကြော့ရှင်းတင့်တယ်နေမှုကို ဖုံးကွယ်ထားမရဘူး။ ဒီကြားထဲမှာ သူမ မိန်းကလေးဖြစ်တာကို သူ ဘာလို့ မရိပ်မိခဲ့တာပါလိမ့်။ သူမ အရင်က ဖိုသီဖတ်သီ မပြင်မဆင်နဲ့မို့ ဖြစ်မယ်။ ဒီနေ့တော့ သူမက သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းနဲ့ဆိုတော့ ဘယ်လောက်ပဲ ကျားကျားလျားလျားလုပ်ပြနေပါစေ၊ မိန်းမတစ်ယောက်ရဲ့ အချောအလှက တစွန်းတစတော့ ပေါ်နေတော့တာပဲ။

"ဒီမဟုတ်မမှန် သတင်းတွေကို ဘယ်သူက လုပ်ကြံလီဆယ်ပြောလိုက်တာလဲ" ပိုင်ရှန်းရှို့ ဝန်မခံဘဲ ငြင်းဆန်ပေမဲ့ ဘယ်သူက သူမကို တိုင်ပြောလိုက်သလဲ သိပ်သိချင်မိတယ်။ ချန်ထောက်က သူမကို အလွယ်တကူ ပြောပြလိမ့်မယ်လို့တော့ သူမ ထင်မထားဘူးပေါ့။ ဒါပေမဲ့ ချန်ထောက်က အိမ်အတွင်းပိုင်းကို လက်ယပ်ပြလိုက်တာ၊ မိန်းမလှတစ်ဦး ထွက်လာလေတယ်။ မျက်နှာချေတွေ အထူသား လိမ်းထားပေမဲ့ လင်ချန်းဇီမှန်း ပိုင်ရှန်းရှို့ ချက်ချင်း မှတ်မိလိုက်တယ်။ ကြည့်ရတာ လင်ချန်းဇီက အစောပိုင်းကလို ပျော့ညံ့ အားနွဲ့နုနယ်တဲ့ သွင်ပြင်ကို ခဝါချလိုက်ပုံပဲ။ သူမ လှပတောက်ပစွာ ဝတ်စားထားပြီး လျှောက်လှမ်းလာတာ။ 'ကြာပန်းဖြူလေးကနေ ဘယ်လိုလုပ်ပြီး စုန်းမဘုရင်မကြီးလို ဖြစ်သွားတာလဲ။ ပြီးတော့ သူ့ကို အကျဉ်းချထားတာ မဟုတ်လား၊ ဘယ်လိုလုပ် လွတ်သွားတာလဲ'

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 2]Dove le storie prendono vita. Scoprilo ora