(၂၂၃) ဝိညာဉ်ကူးပြောင်းလာသူ နှစ်ယောက်ကြားက ပွဲ

2.1K 349 4
                                    

Burmese Translation of "Doomed to be Cannon Fodder".

Translator - NC

(၂၂၃) ဝိညာဉ်ကူးပြောင်းလာသူ နှစ်ယောက်ကြားက ပွဲ

စာရွက်ပေါ်က အကြောင်းအရာကို တွေ့တဲ့အခါမှာ ရဲမက်သေးသေးလေးက ပြုံးလိုက်လေတယ်။ "ကျွန်တော်နဲ့ တူတဲ့ ကမ္ဘာလောကက လာတဲ့ သူပဲ၊ သူ့ကြည့်ရတာ အစွမ်းအစတော့ ရှိတယ်၊ ဒါပေမဲ့ ခင်ဗျား စိတ်ပူစရာ မလိုပါဘူး၊ ကျွန်တော်က အတတ်နိုင်ဆုံး ကူညီပေးမှာပါ၊ ခင်ဗျားဘက်က ကတိကိုပဲ တည်ပါစေ"

"ဒါပေါ့ တည်မှာပေါ့၊ ဒီဖော်ထုတ်နည်းက နည်းနည်း..."

"ဖော်ထုတ်နည်းအမှန်တော့ မဟုတ်ဘူး၊ ဒါပေမဲ့ တစ်ချိန်တည်းမှာ သူ့ဟာနဲ့သူတော့ မှန်နေတာပဲ၊ တချို့ ပါဝင်ပစ္စည်းတွေကို ချန်လှပ်ထားလို့၊ ဒါပေမဲ့ ပေါက်ကွဲနိုင်စွမ်းတော့ ရှိနေသေးတာပဲ... ယမ်းမှုန့်ကတော့ ဓာတ်ပြုလွယ်ပြီး အလွယ်တကူ ပေါက်ကွဲလွယ်သွားတာ"

"ဒါဆို ဒီဟာကို သုံးလို့ရမဲ့ လက်နက်ဖြစ်အောင် ကျုပ်တို့ ဘယ်လိုလုပ်ရတော့မလဲ"

"သုတေသနလုပ်ဖို့ လူဘယ်နှရောက်လောက် ခင်ဗျား ငှားပေးနိုင်မလဲဆိုတာ အပေါ် မူတည်တယ်၊ စစ်ပွဲနိုင်ဖို့ နည်းနည်းပါးပါးတော့ စတေးဖို့ လိုတာပေါ့"

"မင်း အောင်မြင်နိုင်မယ်ဆိုရင် လူအင်အား ကြိုက်သလောက် သုံးလို့ရတယ်"

"ဒါနဲ့ မင်းက ချန်ထောက်နော်၊ အရင်က ဒီဖော်ထုတ်နည်းကို မင်း သုံးခဲ့ဖူးတယ်ဆိုတော့ သုတေသနလုပ်တာမှာ ဦးဆောင်ရမယ်" ရဲမက်လေးက စာရွက်ကို လုံးချေပစ်လိုက်ပြီး ကြမ်းပြင်ပေါ် ပစ်ချလိုက်တယ်။ သူ့မျက်နှာက ထောင်လွှားမှုနဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုတွေ အပြည့်ပဲ။ ချန်ထောက် အံကိုသာ ကြိတ်ထားလိုက်တော့တယ်။ သူတို့ဘက်ကို ကူးသွားတဲ့အချိန်မှာ အဆင့်နိမ့်ရဲမက်လေး အမိန့်ပေး ညွှန်ကြားတာကို ခံရလိမ့်မယ် မထင်ထားဘူး။ ကံမကောင်းချင်တော့ လုစစ်သူကြီးက အဲ့ဒီစစ်သူကြီးကို တော်တော်လေး ယုံကြည်ပုံရတယ်။ သူ ချန်ထောက်ကို ခေါ်သွားတာကိုလဲ ခွင့်ပြုလိုက်လေရဲ့။

ပြီးတော့မှ ချန်ထောက် သိလာရတာက ဒီအဆင့်နိမ့်တပ်သားလေးက မိန်းမတစ်ယောက်ဖြစ်နေတယ်ဆိုတာပဲ။ သူမက သိပ်တော့ မလှပါဘူး။ ဒါပေမဲ့ ပုံမှန် မဟုတ်၊ ထူးခြားတာပါပဲ။ ယမ်းမှုန့် ဖော်ထုတ်ဖို့ ဖော်ထုတ်နည်း အချိုးအစား အမှန်ကို သိနိုင်ဖို့အတွက် လူ့အသက်တွေ တစ်ချောင်းပြီး တစ်ချောင်း စတေးပစ်ခဲ့တာ။ အချိုးအစားက ကွက်တိမရရင် ယမ်းမှုန့်က သူ့ဟာနဲ့ သူ ထ ထ ပေါက်ကွဲတယ်၊ အချိန်မတန်ခင် ပေါက်ကွဲတယ်။ အဲ့ဒီတော့ ထုတ်လုပ်နေတဲ့ အလုပ်သမားတွေ သေကုန်ကြရော။ သူမကတော့ စိတ်ပျက်ပုံသာပြပြီး အေးတိအေးစက်ဆိုတယ်။ "လက်ငြိမ်တဲ့ လူနှစ်ယောက် ထပ်ရှာလာခဲ့၊ ထပ်လုပ်ကြမယ်"

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 2]Where stories live. Discover now