(၂၁၇) လင်မိန်းကလေးရဲ့ ခင်ပွန်း

2.6K 447 8
                                    

Burmese Translation of "Doomed to be Cannon Fodder".

Translator - NC

(၂၁၇) လင်မိန်းကလေးရဲ့ ခင်ပွန်း

လက်ချန်းဇီ ခေါင်းခါလိုက်ပြီး အသည်းအသန် ပြန်ပြောလိုက်တော့တယ်။ "မဟုတ်ဘူး၊ အဲ့သလို မဟုတ်ပါဘူး၊ အထင်လွဲတာပါ"

ဒါပေမဲ့ သူမ ပတ်ဝန်းကျင်က လူတွေက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကြရင်း၊ သူမ ခန္ဓာကိုယ် ခေါင်းအစခြေအဆုံးကို မသတီဟန်နဲ့ ကြည့်ကုန်ကြတယ်။ လင်ချန်းဇီမှာ ရှက်လဲ ရှက်၊ ဒေါသလဲ ထွက်။ ဒါပေမဲ့ ဒီအဖြစ်က ပိုင်ရှန်းရှို့နဲ့ တစ်နည်းနည်းတော့ ပတ်သက်နေမယ်ဆိုတာ သူမ ရိပ်မိလိုက်တယ်။ 'ငါ အဲ့ကောင်မကို ဒီအတိုင်း လွှတ်မပေးနိုင်ဘူး...!' နောက်ဆုံးတော့ သူမကို တစ်စုံတစ်ယောက်က အပေါ်ရုံတစ်ထည် လှမ်းပေးလိုက်တယ်။ သူမ ကိုယ်ကို ခြုံထားလို့ ရရုံပေါ့။ သူမကိုတော့ ဘယ်သူမှ ဆက်အဖက်မလုပ်တော့ဘူး၊ အားလုံးက ခပ်လှမ်းလှမ်းမှာပဲ နေကြလေတယ်။ မသိရင် သူမက ကြောက်စရာကောင်းတဲ့ သားရဲတိရိစ္ဆာန်ဖြစ်နေတဲ့ အတိုင်းပဲ။ သူမ အခန်းကို ပြန်ရောက်တဲ့အခါမှာမှ အရှက်ရခဲ့သမျှနဲ့ ဒေါသတွေအတွက် ပေါက်ကွဲပစ်လိုက်တော့တယ်။ ပစ်ခွဲလို့ ရသမျှ အကုန် ခွဲပစ်လိုက်တယ်။ သူမက မျိုးဂုဏ်မြင့်တဲ့ မင်းစိုးမိုးမျိုး သခင်မလေးပဲ။ ဟိုမိန်းမကြောင့် သူမ အခုလို ဘဝပျက်ရတာ။ 'ငါ သူ့ကို သတ်ပစ်မယ်...! သတ်ကို သတ်ပစ်ရမယ်...!'

ဒီအကြောင်းတွေကို ပြန်ကြားတော့ ပိုင်ရှန်းရှို့တစ်ယောက် စောင်ကြီးခေါင်းမြီးခြုံပြီး ကြိတ်ရယ်နေတော့တာပေါ့။ သူမ အဖျားကျသွားပြီဆိုပေမဲ့ တင်ပါးကတော့ အတော်နာနေသေးတယ်။ လုံဟန့်ကလဲ သူမကို မြို့တော်ပြန်ခိုင်းဖို့ ကိစ္စ ထပ်မပြောတော့ဘူး။ ပိုင်ရှန်းရှို့က နင်ကျင်းမြို့က ထွက်မသွားတော့ပေမဲ့ တစ်စုံတစ်ယောက် နင်ကျင်းမြို့ကို ပေါက်ချလာတယ်။ သူ ရောက်လာတဲ့အခါ နင်ကျင်းမြို့ကလူတွေ စိတ်ဝင်စားတဲ့ မျက်လုံးတွေနဲ့ ကြည့်ကြတော့တာပေါ့။

သူ မြို့ထဲ လမ်းလျှောက်သွားလာနေချိန်မှာ လူတိုင်း သူ့ကို ကြည့်နေတဲ့ အကြည့်တွေက ထူးဆန်းနေတယ်လို့ ကျီကျန်းရှု ခံစားမိတယ်။ သူ့ဇနီး လင်ချန်းဇီကို ရန်သူတပ်စခန်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ပြန်ကယ်လိုက်နိုင်ပြီဆိုတဲ့ သတင်း ကြားကြားချင်းပဲ သူ လိုက်လာခဲ့တာ။ သူမကို သူ ပြန်ခေါ်သွားချင်တယ်။ သူမရဲ့ ကလေးက သူ့ရင်သွေးမဟုတ်တာ သူ သိပေမဲ့ ငယ်စဉ်ကတည်းက သူမကို ချစ်ကျွမ်းဝင်ခဲ့မိတာကြောင့် သူ ဗွေမယူခဲ့ဘူး။ သူ့တစ်မျိုးလုံးကတော့ သူတို့နှစ်ယောက် လက်ထပ်တာကို ဆန့်ကျင်ကန့်ကွက်တဲ့ပုံပဲ။ လင်မိန်းကလေးကို သူတို့ မုန်းကြတယ်။ သူမကို နှိပ်စက်အနိုင်ကျင့်ဖို့ နည်းမျိုးစုံ သုံးခဲ့ကြတယ်။ တစ်ဖက်မှာ လင်ချန်းဇီကတော့ တစ်နေ့တစ်နေ့ ငိုပဲ ငိုနေပြီး၊ သူ့အပေါ် ကြည်သာဖော်ရွှေတဲ့ အမူအရာလေးတစ်ချက်တောင် မပြခဲ့ဘူး။ သူ့စိတ်ရှည်သည်းခံမှုက လုံးပါးပါးလာပြီရယ်။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 2]Where stories live. Discover now