(၂၃၁) မမျှော်လင့်ထားသော အမှားကြီးတစ်ခု

2.2K 247 12
                                    

Burmese Translation of "Doomed to be Cannon Fodder".

Translator - NC

(၂၃၁) မမျှော်လင့်ထားသော အမှားကြီးတစ်ခု
______________________

"ဟဟ၊ ဒါက အထင်လွဲတာလေ... အထင်လွဲတာလေးပါ"

"ပိုင်ရှန်းရှို့ ခင်ဗျား ကျုပ်အတွက် သားတစ်ယောက်လောက် မွေးပေးချင်စိတ် မဖြစ်ဘူးလား..." ဂွက်...! ဆေးခွက်က ယွီခွမ်း ခေါင်းကို တန်းနေအောင် လာမှန်တာ။ ယွီခွမ်းကတော့ ပြုတ်ကျလာတဲ့ ခွက်ကို အမိဖမ်းလိုက်ရင်း ချစ်စရာ ကောင်းစွာ ပြုံးပြလေတယ်။

"ညအတော်နက်နေပြီ၊ ဒီလို ပေါက်ကရ စကားတွေနဲ့ သူများတွေကိုပဲ လိုက်ခြောက်နေလိုက်"

"ခင်ဗျားက ကျုပ်ဘေးနားမှာ ရှိနေမှသာ အခုလို လေသံကျယ်ကျယ်နဲ့ လွတ်လွတ်လပ်လပ် ပြောတာ၊ ဒါပေမဲ့ သူ့ဘေးနားမှာဆိုရင် အမြဲ သတိကြီးနဲ့ နေရတယ်၊ အဲ့သလိုဘဝမျိုးမှာ ခင်ဗျား မပင်ပန်းဘူးလား"

ဒါဆို ယွီခွမ်း အစကတည်းက သတိထားမိနေတယ်ပေါ့။ သူမကတော့ အိပ်ရာထဲ ဆက်လှဲနေရင်း သူ့ကို စေ့စေ့ပြန်ကြည့်လိုက်တယ်။ "ကျွန်မ ကျင့်သားတောင် ရနေပြီ၊ ကျင့်သားရသွားလို့ ထင်တယ် ပိုပြီး အဆင်ပြေလာတာ၊ သူ့စိတ်သဘောထားကလဲ ပိုပြီး နွေးထွေးလာတယ်၊ ပြီးတော့ ကျွန်မအပေါ် အတော်လေး ကောင်းရှာပါတယ်"

"မင်းက စုန့်ကျောင်းယွဲ့လိုလူကိုပဲ ကြိုက်တာ မဟုတ်ဘူးလား"

"အဓိပ္ပာယ်မရှိတာ၊ ကျွန်မက သူ့ကို လေးစားကြည်ညိုရုံပါနော်"

"သူကိုယ်တိုင် ပြောတာပဲ၊ တစ်ခါမှာ ကျုပ်တို့ အတူသောက်တုန်းက သူ ပြောဖူးတာ... နဂိုက ခင်ဗျား နှလုံးသားထဲက လူဟာ သူပဲတဲ့၊ သူ တန်ဖိုးမထားခဲ့မိတာ နောင်တရတယ်တဲ့"

"အာ၊ ဟို... အဲ့ဒါက အရင်တုန်းက ဖြစ်ခဲ့တာပဲ၊ အခုချိန်မှာ ကျွန်မ အတော်လေး ပျော်ရွှင်နေရပြီမို့... လုံဟန့်သာ တစ်ခုခု မဖြစ်သရွေ့ ကျွန်မက လောကမှာ စိတ်အချမ်းသာရဆုံး မိန်းမဖြစ်မှာပဲ"

"သူနဲ့ ကလေးတစ်ယောက် ရထားလို့လား"

"ဒါပေါ့ အဲ့ဒါကြောင့်သက်သက် ဘယ် ဟုတ်မလဲ" ပိုင်ရှန်းရှို့ လန့်လာမိပြီ။ ယွီခွမ်း ဒီနေ့ ဘယ်လိုဖြစ်နေလို့ ဒီလိုမျိုး စကားတွေ ပြောနေတာလဲ။

You've reached the end of published parts.

⏰ Last updated: Dec 28, 2023 ⏰

Add this story to your Library to get notified about new parts!

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 2]Where stories live. Discover now