(၁၉၀) ထူးဆန်းတဲ့အိပ်မက်တဲ့လား? အာ ဒါက စွမ်းအားတစ်ခုပဲ

5K 561 12
                                    

Burmese Translation of "Doomed to be Cannon Fodder".

Translator  - ဂွေ့

(၁၉၀) ထူးဆန်းတဲ့အိပ်မက်တဲ့လား? အာ ဒါက စွမ်းအားတစ်ခုပဲ

ဆီးပန်းဥယျာဥ္ကလည်းပြန်လာရော လုံဟန့်တစ်ယောက် သူ့ရဲ့ပင်ကိုယ်အေးစက်စက်ပုံစံကြီးကိုပြန်ပြောင်းသွားတော့တယ်။ ဒီတစ်ခါကတော့ ဘယ်လောက်တောင်အေးစက်လဲဆိုရင် ရေခဲငွေ့တွေလွှတ်နေသလိုကို သူ့ဘေးနားရောက်သွားတဲ့လူအကုန်စိမ့်ကြောက်လာရတာ။ သူ အရိပ်သက်တော်စောင့်တွေကိုခေါ်ပြီး တွမ့်ယွင်ရင်ရှိတဲ့နေရာကိုချက်ချင်းရှာခိုင်းတော့တာပဲ။ အစကတော့ ရန်ဖက်တိုင်းပြည်ရဲ့လှုပ်ရှားမှုတွေကိုစုံစမ်းဖို့ ဒင်းကိုလွှတ်ပေးထားတာ။ လော့ယွင်ကျန်းနဲ့ လင်ချန်းဇီကို ထောင်ဖမ်းဖို့လည်းပါတာပေါ့။ ဒါပေမယ့် အဲ့ကောင်က ပိုင်ရှန်းရှို့အထိ ပစ်မှတ်ထားလာလိမ့်မယ်လို့ သူမထင်ခဲ့ဘူး။သူ့လမ်းကိုလာပိတ်တဲ့ဘယ်သူမဆို လက်စားပြန်ချေရမှာပဲ။

ပိုင်ရှန်းရှို့ကတော့အိမ်မှာနေရင်းလုံဟန့်ကိုအတော်လေးစိတ်ပူနေမိတယ်။ သူက အန္တရာယ်များတာတွေကိုလုပ်နိုင်တယ်လေ။ ဒီတစ်ခါတော့ ဟော်အာက သူမရဲ့အိပ်မက်ထဲကို၀င်လာပြီးတိုက်ရိုက်မေးတော့တယ်။
"သခင်မ အခု ဟော်အာဆီမှာ အာရုံခံစွမ်းအင်တွေအရမ်းကောင်းနေတယ်။ သခင်မ သိချင်တဲ့ဟာကို ကြည့်ချင်လား"

"ကြည့်မယ်"
သူမရဲ့အရင်အိပ်မက်တွေတုန်းကလည်း ဟော်အာတစ်ခုခုလုပ်တာချည်းပဲ။ အဲ့အိပ်မက်တွေတုန်းက အတော်လေးထူးဆန်းတယ်လို့ပိုင်ရှန်းရှို့အမြဲခံစားခဲ့ရတာ။ ဒါပေမယ့်ဒီတစ်ခါတော့ အိပ်မက်ထဲကို လိုလိုချင်ချင်ပဲ၀င်သွားလိုက်တယ်။ အဲ့ဒါကြောင့် လုံဟန့်ရဲ့လက်စားချေမှုကို မျက်၀ါးထင်ထင်ကို မြင်ရတော့တာပဲ။ ဒါပေမယ့် ဒီလိုမျိုး သွေးထွက်သံယိုခန်းတွေမြင်ရမယ်ဆိုရင် အစကတည်းက မကြည့်ဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။

အမွှေးနံ့သာတွေနဲ့ပြည့်နေတဲ့အခန်းထဲကို လုံဟန့်ဝင်သွားတယ်ထင်တယ်။ ယောကျာ်းတစ်ယောက် ချက်ချင်းပဲအိပ်ယာပေါ်ကထလိုက်တာကိုသူမမြင်တယ်။ အဲ့လူက အင်္ကျီကိုသေချာ၀တ်မထားတော့ သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ကို ပိုင်ရှန်းရှို့မြင်နေရတာပေါ့။ ဇာတ်လိုက်ကောင်မှာလည်း ဒါမျိုးခန္ဓာကိုယ်လှလှရှိမယ်လို့ ငါမထင်ခဲ့ဘူး။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 2]Where stories live. Discover now