Cha-52

6.9K 1.3K 107
                                    

[Unicode]

ရွာလူကြီးမှမက်မွန်ဝါစည်သွတ်ဘူးတွေ တကယ့်အများကြီးပို့လာတာမို့ ယွီချင့်ဟွမ်ဟာရေတွက်ပြီး တချို့တဝက်ကို ကျောက်ချင်းယွမ်၊ ကျောက်ရွေ၊ ဝမ်ကျန်ရှန်းနှင့် ချင်ကျန့်တို့ထံ အသီးသီးပေးပို့ခဲ့သည်။

ထိုအထဲတွင် ကျောက်ချင်းယွမ်နှင့်ကျောက်ရွေတို့ကပိုရသွား၏။ ကျောက်ချင်းယွမ်သည် နဂိုကတည်းက အစာသောင်းကျန်းသူတယောက်ဖြစ်တာကြောင့် ကုန်စင်အောင်စားနိုင်မှာမို့လို့ပင်။

ဝမ်ရွေရွေမှာရိုက်ကူးရေးပြီးဆုံးသွားတဲ့နောက် ကျောက်ရွေနှင့်အချိန်ပြည့်အတူတူနေထိုင်ခဲ့သည်။ ကလေးသူငယ်များသည် ချိုသောအရာများကိုနှစ်သက်တာကြောင့် ယွီချင့်ဟွမ်မှာ သူတို့အတွက်လည်းပိုပိုသာသာထည့်ပေးခဲ့၏။

သူဟာပစ္စည်းတွေကိုထုပ်ပိုးသိမ်းဆည်းပြီးတာနဲ့ ဘူးတဘူးကိုကောက်ဖွင့်ပြီး စားသောက်နေရင်းက ဓာတ်ပုံအချို့ရိုက်ယူကာ Weibo မှာတင်လိုက်သည်။

မည်သည့်အကြောင်းအရာကိုမှ သူပို့စ်မတင်ဖြစ်ခဲ့သည်မှာ လအတော်ကြာရှိခဲ့လေပြီ။ ဒါကြောင့်မို့ပဲ သူ၏အပ်ဒိတ်အသစ်ကို မျှော်လင့်စောင့်စားနေကြတဲ့ပရိသတ်တွေမှာ အရင်ပိုစ့်တွေကိုအလွတ်ရလုနီးပါးဖြစ်နေကြ၏။

သူရဲ့ပိုစ့်အသစ်ကိုမြင်တွေ့ရပြီးနောက်မှာ ပရိသတ်တွေဟာအလွန်အမင်းစိတ်လှုပ်ရှားကုန်ကြပြီး အောက်ကနေစာတွေ ပလူပျံနေတော့သည်။

[အာ!! ချင့်ဟွမ် နောက်ဆုံးတော့အပ်ဒိတ်ပေးပြီ! ငါ အားလုံးကို သတင်းကောင်းလေးပါးရဦးမယ်!]

{အားလာ! မက်မွန်ဝါစည်သွတ်ဘူး! သူတို့က ချင့်ဟွမ်ရဲ့ Weibo မှာ ပေါ်လာနိုင်ချေအခွင့်အလမ်းအများဆုံးရှိတာပဲ! သူအရင်ကပြောဖူးတာငါမှတ်မိတယ် ဒါသူ့မွေးရပ်မြေမှာပြုလုပ်ထားပြီး ဒီနှစ်ထဲမှာအမြောက်အမြားထုတ်လုပ်မယ်ဆိုလား ဒါတွေကိုအခုအွန်လိုင်းပေါ်မှာဝယ်လို့ရပြီလား?}

[မင်းပြောတာမှန်တယ် အပေါ်ထပ်ကသူငယ်ချင်း! သူဒီလိုပြောခဲ့ဖူးတာငါလဲမှတ်မိတယ် ငါဒါကိုအခုပဲအင်တာနက်ပေါ်မှာသွားရှာကြည့်လိုက်ဦးမယ်!]

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now