"ဒါက ဘယ်ကိုသွားနေတာလဲ။"
ညနေဘက်ရောက်သည်အထိ ကားပေါ်မှာပဲ ငြိမ်ပြီးရှိနေရတာကြောင့် နောက်ဆုံးမှာ စကား,စပြောသူက ငယ်ပဲဖြစ်ခဲ့ရသည်။
"ပုဂံ..."
Notebookကို ကြည့်နေရင်း သူကဘာမှအထွေအထူးမဟုတ်သလိုဖြေပေမယ့် ငယ့်မှာ မှီနွဲ့ထားရာမှအတင်းပဲ ထ,လိုက်ပြီး...
"ငါ..ငါ မသွားဘူး""မရှုပ်စမ်းနဲ့ သမီးငယ်။ ငါ့မှာ အလုပ်ကိစ္စရှိသေးတယ်။"
"ဒါဆိုလည်း ငါ့ကိုအိမ်ပဲပြန်ပို့ပေး...."
"နင်မလိုက်ရင် တခြားသူကိုငါကောက်တင်သွားမှာ...."
Notebookကို ပိတ်ပြီး သမီးငယ်ဘက်ကိုလှည့်လိုက်တော့ နီရဲနေသည့်မျက်လုံးအိမ်က သူ့ဆီကိုနာနာကြည်းကြည်းဆိုသလိုမျိုး စိုက်ကြည့်လို့နေတော့သည်။ နှာခေါင်းထိပ်ဖျားလေးကလည်း ရဲတွတ်လို့နေပြီး နှုတ်ခမ်းဖူးဖူးလေးကလည်း ရှေ့သို့ ထော်လှန်နေပုံက ကြောင်ချေးရုပ်လေးလိုပင်။
"တော်ပြီ..ဝမ်းမနည်းနဲ့။"
သမီးငယ်၏ ခန္ဓာကိုယ်ကိုဆွဲယူကာ သူ့ရင်ခွင်ထဲမှာအတင်းညှပ်ထားမိပြီး သူကိုယ်တိုင်လည်း ကားပေါ်မှာတစ်လျှောက်လုံးစာရင်းတွေကြည့်နေရသည်ကြောင့် ညီးညူချင်သလိုတောင်ဖြစ်နေသည့် စိတ်များအား အနားပေးလိုက်တော့သည်။
"ဒီကမ္ဘာကြီးမှာ ငါ့အရှင်ကပဲချစ်ခဲ့တာလေ။ ဟော...ဟိုးမှာကြည့်၊ ကောင်းကင်ကြီးတောင်ပြာနေရောပေါ့ရှင်။
ငါ့အရှင် ဘယ်လောက်ပဲချစ်ချစ် အရှင်မင်းတရားကြီးက ငါ့အရှင်တင်မဟုတ်ပဲ သမ္ဘူလတို့၊ ခင်တန်တို့ကိုလည်း ချစ်ခဲ့သေးတာ....ငါ့အရှင်မှာ ချစ်ရသူနဲ့ဝေးကွာပြီး မချစ်မနှစ်သက်တဲ့သူနဲ့ ပေါင်းသင်းနေရတာလေ။ ဘယ်လောက်တောင်စိတ်ဆင်းရဲခဲ့လိုက်မလဲ....
ဒါပေမယ့်နော် အရှင်မင်းကြီးက သိပ်ရက်စက်တာပဲ။ သူကလေ အဲ့ဒီအချိန်မှာ ရသေ့တူမသမ္ဘူလနဲ့ ပျော်နေခဲ့တာ....အို ဒီလိုလူ ဒီလိုလူ"
အဖာအစပ်များပြားသော လုံချည်နှင့်ရင်စေ့အင်္ကျီကို ဝတ်ဆင်ထားသော အမျိုးသမီးကြီးသည် ကောင်းကင်ကိုကြည့်လိုက်၊ လေထုကိုကြည့်လိုက်နှင့် စကားများဆိုနေလေသည်။
YOU ARE READING
အချစ်ဦး (Completed)