အခန်း ၁။ ၀ှက်ဖဲ

767 97 6
                                    

အခန်း ၁။ ၀ှက်ဖဲ

"သခင်လေး... ရန်ဖုန်းကော ရောက်လာပါပြီ။ သူအခု ပန်းချီခန်းထဲမှာပါ"

"အိုခေ"

စုယီမော့သည် သူ၏အိမ်တော်ထိန်းဖြစ်သူကို အေးတိအေးစက် တုံ့ပြန်လိုက်သည်။ သူ့အတွေးများကတော့ နားလည်ရခက်လှသည်ပင်။

အိမ်တော်ထိန်းထံမှ သတိပေးသံကိုကြားသော်လည်း လက်ထဲမှသတင်းစာကို မချသေးပေ။

သူအကြည့်မှာ သတင်းစာ၏ခေါင်းပိုင်းမှ ဆန့်ကျင်ဘက်နံရံရှိ ကြီးမားသော screen မျက်နှာပြင်ဆီသို့ ရွေ့လျားသွားသည်။

သူ့နဖူးကြောတို့ တွန့်သွားရပြီး မျက်နှာပေါ်၌ အနည်းငယ်မျှသော စိုးရိမ်မှုတို့ ဖြစ်တည်လာရသည်။
 
အခုတစ်လော သတင်းစာများ၊ မဂ္ဂဇင်းများ၊ ဖျော်ဖြေရေးလောကရှိ လူပြိန်းကြိုက်သတင်းစာများ သို့မဟုတ် တီဗွီရှိုးများသည် တူညီသောခေါင်းစဉ်ဖြင့် လည်ပတ်နေကြသည်။

ရုပ်ရှင်ကြယ်ပွင့် ကျင်းချိုးဟန်သည် ပဲရစ်တွင် ရုပ်ရှင်ရိုက်နေစဉ်အတွင်း သေနတ်ပစ်ခံခဲ့ရသည်။ ကျည်ဆန်နှစ်ချက်ထိမှန်ပြီး သေရေးရှင်ရေးအခြေအနေသို့ ကျရောက်ခဲ့သည်။

လတ်တလောတွင် ထိုကိစ္စသည် စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ၎င်းမှာ ပြိုင်ဘက်များထံမှ မနာလိုမှုကြောင့် လုပ်ကြံစေခြင်းဟု သံသယရှိသည်။
 
ကျင်းချိုးဟန်သည် တရုတ်သို့ပြန်ရောက်နေပြီဖြစ်ပြီး လက်ရှိတွင် ကုသနေရဆဲဖြစ်သည်။ သို့သည့်တိုင် အခြေအနေမှာ သေရေးရှင်ရေးဖြစ်နေဆဲသာ။

နာရီ၀က်ကြာပြီးနောက်...။

ပန်းချီခန်းထဲ၌...။

"မင်းက ရန်ဖုန်းကောလား"

စုယီမော့သည် သူ့ရှေ့ရှိ သူ့ကိုကျောပေးကာ ရပ်နေသောလူကို သံသယ၀င်ဟန်ဖြင့် စိုက်ကြည့်လိုက်သည်။ တလိပ်လိပ်တက်လာသည့် ဖော်ပြ၍မရသောခံစားမှုတစ်ခုကို သူခံစားလိုက်ရသည်။

သည်လိုကောက်ကြောင်း... ရင်းနှီးနေသလိုပင်။

ရန်ဖုန်းကော သူ့ခေါင်းကို ဖြည်းညင်းစွာ လှည့်လာသည်။

(ရပ်နား) အစားထိုးခ်စ္​သူ /အစားထိုးချစ်သူ (Translation)Where stories live. Discover now