အခန်း ၁၂။ ကောင်းပြီ။ အရမ်းဂရုစိုက်ပေးမိတဲ့ ဒီကောင့်အမှားပဲ။

175 50 1
                                    

အခန်း ၁၂။ ကောင်းပြီ။ အရမ်းဂရုစိုက်ပေးမိတဲ့ ဒီကောင့်အမှားပဲ။ နည်းတောင်နည်းသေးတယ်။

ရေချိုးပြီးနောက် ရန်ဖုန်းကောတစ်ယောက်  အဖြူရောင် ရေချိုးဝတ်ရုံကိုဝတ်ကာ သူ၏ဆံပင်များကို ခြောက်သွေ့သွားသည်အထိ ပွတ်သုတ်ရင်း ရေချိုးခန်းထဲက ထွက်လာသည်။

သူဆိုဖာပေါ် ထိုင်ချပြီးချိန် ကော်ဖီစားပွဲပေါ်က ပိုက်ဆံအချို့ဘေး၌ မီနူးတစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။ သူခေတ္တမျှ ရပ်တန့်သွားပြီးနောက် စုယီမော့ ပြောတာကို သတိရလိုက်သည်။

သြော် လက်စသတ်တော့ သူကငါ့ကို ဈေးဝယ်ဖို့ အမိန့်ပေးသွားတာကိုး...။

သူခေါင်းကိုမော့ပြီး အခန်းတစ်ဝိုက်ကို လှည့်ပတ်ကြည့်ရှုရင်း ဘယ်ဘက်တံခါးကို စိုက်ကြည့်နေသည်။ သူကတံခါး၏မှန်ချပ်ကို ကြည့်ကာ မီးဖိုခန်းသို့သွားရန် ဆုံးဖြတ်လိုက်၏။

ူသူ့ရဲ့စိုစွတ်နေသည့် ဆံပင်များကို အကြိမ်အနည်းငယ် ပွတ်တိုက်ပြီးနောက် ထရပ်ပြီး မီးဖိုချောင်ထဲဝင်သွားသည်။

သူဆေးရုံတက်နေချိန် အတောအတွင်းမှာစားခဲ့ရတဲ့အစားအသောက်တွေကတော့ စားရတာ လုံလောက်နေခဲ့ပြီ။ လွတ်လွတ်လပ်လပ် နေခွင့်ရပြီဆိုမှတော့ သူလိုချင်တာကို လုပ်သင့်၏။

မည်သို့ဆိုစေ သူ့လွတ်လပ်မှုများအနေနှင့် ရက်ပိုင်းအတွင်း ပြန်ပျောက်ကွယ်သွားနိုင်သည်။

သူ့ကိုယ်သူ နည်းနည်းလေးပိုပြီး ကောင်းကောင်းဆက်ဆံပေးဖို့ ဒီအခွင့်အရေးကို ဘယ်လိုလုပ် မသုံးဘဲနေရမှာလဲ။ သူကအထူးလူစားထိုးတစ်ယောက်ပါပဲ။ ဒါပေမယ့် အဲဒါကြောင့်နဲ့ မလိုအပ်ဘဲ သူ့ကိုယ်သူ တွန်းအားပေးဖို့မလိုပါ။

ရေခဲသေတ္တာကို ဖွင့်လိုက်သည့်အခါ ရန်ဖုန်းကောတစ်ယောက် သူမမျှော်လင့်ထားတဲ့အရာတစ်ခုကို တွေ့လိုက်ရ၏။ မူလက အအေးခန်းက ဗလာဖြစ်နေလိမ့်မယ်လို့ သူတွေးထားတာဖြစ်သည်။

မတိုင်မီကတော့ သူစားဖို့ တစ်ခုခုကို ချက်ချင်း ချက်ချင်ခဲ့သည်။ သို့ပေမယ့် သူမီးဖိုခန်းထဲ လှမ်းကြည့်ပြီးနောက် တစ်ခုခုကို ချက်ချင်းသတိထားမိလိုက်သည်။

(ရပ်နား) အစားထိုးခ်စ္​သူ /အစားထိုးချစ်သူ (Translation)Where stories live. Discover now