အခန်း ၁၈။ ဒွိဟဖြစ်စေသော စိတ်အနေအထား

195 43 0
                                    

အခန်း ၁၈။ ဒွိဟဖြစ်စေသော စိတ်အနေအထား

ရှည်လျားသော ရှင်းပြချက်ကိုပြောပြီးသောအခါ မီလဲ့ အာခြောက်သွားခဲ့သည်။ သစ်သီးဝိုင်တစ်ခွက်ကို သူမကိုယ်တိုင်လုပ်ကာ ဖြည်းဖြည်းချင်းသောက်လိုက်သည်။ ရန်ဖုန်းကောအပေါ် သူမအကြည့်တွေရောက်သွားချိန် စိုးရိမ်ပူပန်မှုတွေကို သူမြင်လိုက်ရသည်။

"အဲဒါ မီလဲ့လေ ငါသိတယ်။ မင်းရဲ့မှတ်ဉာဏ်က အရင်ကလို ထူးခြားနေတုန်းပဲ။"

ရန်ဖုန်းကောက သူ့ခွက်ကို မြှောက်လိုက်သည်။

"မင်းရဲ့ထူးချွန်မှုကြောင့် ငါ့မာနတွေချပြီး ဝပ်တွားရုံကလွဲလို့မရှိတော့ဘူး။ ဒီမှာ မင်းကို ဂုဏ်ပြုတာပါ။

ထိုအချိန်တွင် ချန်ရှီးရန်တစ်ယောက် သူ့မျက်နှာပေါ်ရှိ လေးနက်သောအကြည့်ကို မြင်လိုက်ရသည်။ သူက သူ့သူငယ်ချင်းကို စူးစူးစိုက်စိုက်စိုက်ကြည့်ကာ အသံတိုးတိုးဖြင့်မေးလိုက်သည်။

"မဟုတ်မှ အခု မင်းရဲ့အလုပ်က အမဲလိုက်လင်းယုန်နဲ့ ပတ်သက်နေနိုင်လို့လား။"

"မင်း အတွေးလွန်နေပြီ။ ငါလည်း သိချင်နေတာပဲ။ လက်ရှိငါလက်ခံထားတဲ့အလုပ်က အရမ်းလွယ်တယ်။ မကြာသေးခင်ကမှ ဆေးရုံက ဆင်းလာတဲ့ လူတစ်ယောက်အဖြစ် သရုပ်ဆောင်ရုံပဲ၊၊ ပြီးတော့ အခကြေးငွေလည်းများတယ်။ ရိုးရိုးရှင်းရှင်းလေးပါပဲ။"

ရန်ဖုန်းကော၏ အသံမှာ ပေါ့ပါးနေပြီး သူ၏ ပြုံးနေသည့်မျက်နှာက သူ့ကို လူအများက ယုံကြည်ချင်လာအောင် လုပ်နေသည်။ သူ့အမူအရာတွင် အပြစ်အနာအဆာ တစ်ခုတစ်လေပင် မတွေ့နိုင်ချေ။

ချန်ရှီးရန်၏ စူးစမ်းသည့်အကြည့်များက သူ့ကိကဖောက်ဝင်သွားမတတ်ပင်။

"တကယ်လား။ ငါနဲ့ကစားဖို့ မကြိုးစားနဲ့နော်။ ငါသာတစ်ခုခုရှာတွေ့လို့ကတော့-"

"တကယ်ပါဆို။ အမှန်ကိုပြောနေတာ၊၊ မင်းငါ့အတ်ိက် သောက်စရာဝယ်ပေးမှာလား မဝယ်ပေးဘူးလား။"

ရန်ဖုန်းကောက ချန်ရှီးရန်က၏ပခုံးကို လက်တစ်ဖက်ဖြင့် တွန်းလိုက်ပြီး အခြားတစ်ယောက်ကို ခင်မင်ရင်းနှီးသည့် လက်သီးတစ်ချက်ပေးလိုက်သည်။

(ရပ်နား) အစားထိုးခ်စ္​သူ /အစားထိုးချစ်သူ (Translation)Où les histoires vivent. Découvrez maintenant