အခန်း ၁၀။ ဆေးရုံအပြင်၌ အတွင်းရေးကိစ္စကို လူသိရှင်ကြားထုတ်ဖော်...

235 55 6
                                    

အခန်း ၁၀။ ဆေးရုံအပြင်၌ အတွင်းရေးကိစ္စကို လူသိရှင်ကြားထုတ်ဖော်...

"အတူနေကြရအောင်"ဟု ဆိုရာ၀ယ် စုယီမော့ဟာ အလေးအနက်ပြောခဲ့တာဖြစ်သည်။

တစ်လကြာပြီးနောက်။

ရန်ဖန်းကော၏ဒဏ်ရာများ လုံး၀အရှင်း ပျောက်ကင်းသွားပြီဖြစ်သည်။ သူ့အခြေအနေတည်ငြိမ်သွားပြီးနောက် ဆေးရုံဆင်းရန် ခွင့်ပြုချက်ရလေပြီ။ သူလုပ်ရန်လိုသည့် တစ်ခုတည်းသောအရာက အိမ်၌အားဖြည့်ရန်ပင်။

တစ်ချိန်လုံး သူ့ကိုယ်သူချုပ်တည်းထားရသော ရန်ဖုန်းကောတစ်ယောက် ပြတင်းပေါက်ရှေ့တွင်ရပ်ကာ အညောင်းဖြေလိုက်သည်။ မျက်နှာပေါ်မှာတော့ စိတ်အပန်းပြေဟန်အပြုံးက ပေါ်လွင်လို့။

ကောင်းလိုက်တာ။ မံမီရုပ်တစ်ခုလို ဆက်ပြီးဟန်ဆောင်နေဖို့ မလိုတော့ဘူးကွ။

သူတစ်ဖက်လှည့်လိုက်ရာ အိပ်ရာပေါ်တွင်ရှိနေသော အ၀တ်တစ်ပုံတစ်ခေါင်းကြီးကို မြင်လိုက်ရသည်။ ပေါ့ပါးသောအပြုံးတစ်ပွင့်နှင့်အတူ သူ့နှုတ်ခမ်းထောင့်စွန်းလေးများ ကော့တက်သွားရပါ၏။

အ၀တ်တွေက မနေ့က စုယီမော့ ယူလာခဲ့ပေးတာဖြစ်သည်။ ကျင်းချိုးဟန်၏ လူစားထိုးအဖြစ် ဟန်ဆောင်နေစဉ်ကာလအတွင်း သူ၏နေ့စဉ်လိုအပ်ချက်များကို စုယီမော့က စီစဉ်ပေးမှာဖြစ်သည်။

သူလျှောက်သွားကာ အ၀တ်များကိုလှန်လိုက်ပြီး တစ်ခုချင်းစီ၏ styleနှင့် materialတို့ကို ကြည့်ရှုရင်း ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။

ဟမ့်.... သူ့မှာ ကောင်းမွန်တဲ့ အာရုံခံစားမှုရှိသားပဲ။

ရန်ဖုန်းကောသည် တစ်လနီးပါး၀တ်ခဲ့ရသော ဆေးရုံ၀တ်စုံကို ချွတ်ပစ်လိုက်ပြီး အ၀တ်အသစ်၀တ်လိုက်သည်။ ရှပ်အကျႌကြယ်သီးတပ်နေစဉ်၌ ရုတ်တရက် အခန်းတံခါးပွင့်သွားသည်။

စုယီမော့ တံခါးဖွင့်လိုက်သည့်အချိန်တွင် ကိုယ်တစ်ပိုင်းဗလာကျင်းနေသည့် ရန်ုန်းကောနှင့် တည့်တည့်ဆုံသွားလေသည်။

တစ်ဖက်လူ၏ရှပ်အကျႌသည် ကြယ်သီးများပြုတ်နေပြီး ရင်ဘတ်အောက်နားတွင် အမာရွတ်နှစ်ခုရှိနေသည်။ သူ့ဘက်မှကြည့်လိုက်လျှင် အမာရွတ်နှင့် ဆင်တူသည်။
 
ဒဏ်ရာ၏နေရာမှာ ကျင်းချိုးဟန်သေနတ်ပစ်ခံရသည့့်နေရာနှင့် တစ်ထပ်တည်း။ အနည်းငယ်လေးမျှပင် မလွဲချေ။

(ရပ်နား) အစားထိုးခ်စ္​သူ /အစားထိုးချစ်သူ (Translation)Where stories live. Discover now