အခန်း ၉။ နွေဦးအိပ်မက် 🚨🚨🚨

365 62 16
                                    

TN - ကြိုတင်မီးနီပြထားပါတယ်။ ၁၈နှစ်မပြည့်သေးသူများ လမ်းဖြတ်ကူးခြင်း ခွင့်မပြုပါ။ အသက်ပြည့်ပြီးသူများကတော့ သဘောရှိပါ။ XD

•••••••••••

အခန်း ၉။ နွေဦးအိပ်မက်

"မင်း... အရမ်းတော်တယ်"

ရန်ဖုန်းကောဟာ သည်လိုစကားမျိုးကို ဟိုယခင်က အကြိမ်ပေါင်းများစွာ ကြားဖူးခဲ့သည်။

သို့သော်လည်း စုယီမော့ထံမှ ပုဂ္ဂိုလ်ရေးအရ ကိုယ်တိုင်ကိုယ်ကျ ချီးကျူးသည်ကို ရရှိခြင်းမှာ လွန်ခဲ့သောရက်အနည်းငယ်အတွင်း သူ၏ကြိုးစားခဲ့မှုများသည် နောက်ဆုံး၌ ထိုလူ၏သဘောကျနှစ်သက်မှုကို ရရှိခဲ့ပြီဟု ဆိုလိုသည်။

ကျေနပ်အားရမှုတစ်၀က်၊ ကတ်သီးကတ်သတ်နိုင်မှုတစ်၀က်ဖြင့် ရန်ဖုန်းကောသည် သူ့မျက်လုံးများကို မှိတ်လိုက်ပါ၏။

စောစောတုန်းက တံခါး၏အလင်းပြန်မှုဖြင့် အရိပ်တစ်ရိပ်ကို သူလည်းဖျတ်ခနဲ မြင်လိုက်ပါသည်။ သူခန့်မှန်းတာသာမှန်လျှင် ထိုသူသည် စုယီမော့၏ရန်သူမှ ပို့ထားသောသူလျှိုတစ်ယောက် ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။

သူ့၀မ်းဗိုက်ဘယ်ဘက်ခြမ်းပေါ်၌ စုယီမော့၏လက်ဖဝါးမှ ချန်ရစ်ခဲ့သော အနွေးဓာတ်ကို သူခံစားနိုင်ပါသေးသည်။

ရန်ဖုန်းကော၏နှုတ်ခမ်းထောင့်စွန်းများသည် သိမ်မွေ့သောအပြုံးကိုဖော်ပြရင်း တွန့်ကွေးသွားသည်။

စုယီမော့သည် ရေခဲတမျှ အေစက်သူတစ်ယောက်၏ အသွင်အပြင်ရှိသော်လည်း သူ့ခန္ဓာကိုယ်ကတော့ အတော်လေးကို နွေးထွေးလှသည်ပင်။

ရန်ဖုန်းကောသည် ဂွမ်းကပ်ပေါ်မှတစ်ဆင့် သုဗိုက်ကို ခပ်ဖြည်းဖြည်းလေးပွတ်သပ်သည်။

သူ့ကိုယ်ပေါ်သို့ စုယီမော့အုပ်မိုးလိုက်ချိန်ကို ပြန်တွေးမိသည့်အခါမှာတော့ တုန်ယင်မသွားဘဲ မနေနိုင်ပေ။

ထို့နောက် သူ့အတွေးများသည် စုယီမော့နှင့် ကျင်းချိုးဟန်တို့၏ အချင်းချင်း 'ဟိုကိစ္စ၊ သည်ကိစ္စ' လုပ်ခြင်းအကြောင်းအရာများထံသို့ လိုက်ပါစီးမျောမိလေတော့သည်။

မလွဲဧကန်အဖြစ်နိုင်ဆုံးမှာတော့ မြေခွေးများနှင့် ကျားများကဲ့သို့ အညှာတာကင်းပြီး ချစ်စိတ်ပြင်းပြကာ အချစ်မီးများ တောက်လောင်နေခြင်းပင်ဖြစ်ပေလိမ့်မည်။ ရန်ဖုန်းကောတစ်ယောက် ထပ်မံ၍ မတုန်ယင်ဘဲမနေနိုင်။

(ရပ်နား) အစားထိုးခ်စ္​သူ /အစားထိုးချစ်သူ (Translation)Onde histórias criam vida. Descubra agora