အခန်း၂၂

81 5 0
                                    

အခန်း၂၂

ရန်ဖုန်းကောက သူ့လျှာသူ တိုက်ရိုက်ကိုက်ချလိုက်သည်။ နာကျင်မှုက မီးတောက်သဖွယ် ပြင်းပြစွာဖြတ်ဝင်လာပြီး စိတ်ထဲတွင် တုန်လှုပ်သွားရသည်။ အနည်းဆုံးတော့ ထုံဆေးရဲ့ အာနိသင်ကြောင့် သူ မူးမေ့မသွားပေ။ သူကလန်ခွန်း၏ပုခုံးကို အတင်းတွန်းပြီး ပြောလိုက်သည်။

"ဆရာ၊ ကျေးဇူးပြုပြီးချပေးပါ၊ ကျွန်တော် လမ်းလျှောက်နိုင်တယ်"

သူ့လက်ပေါ်တွင် သွေးစများက ကျန်နေဆဲပင်။ သူလန်ခွန်းကို တွန်းလိုက်ချိန်တွင် တစ်ဖက်လူ၏ပခုံးထက်တွင် သွေးလက်ဗွေရာများ ကျန်ခဲ့စေ၏။

လန်ခွန်းက မရပ်ခဲ့ချေ။ သူ့ကိုယ်သူ တင်းကြပ်စွာချုပ်ချယ်ထားသည့် ရန်ဖုန်းကောကို ငုံ့ကြည့်ရုံမျှသာ ပြုသည်။ အတော်ကြာပြီးမှ သူကပြန်ပြောသည်။

"ဒီလိုအခြေအနေမှာ ရဲခေါ်ပြီး ဆေးရုံသွားတာက ပုံမှန်မဟုတ်ဘူးလား"

ရန်ဖုန်းကောစိတ်ထဲ၌ တင်းကြပ်သွားသည့်တိုက် သူ့မျက်နှာ အမူအယာကိုတော့ တည်ငြိမ်အောင်ထိနိးထားသည်။

"သတိပေးလို့ကျေးဇူးပါပဲ၊ ကျွန်တော် လုပ်လိုက်ပါ့မယ်"

သူကပြောပြီးနောက် လန်ခွန်း၏ပုခုံးထက်ရှိလက်ဗွေရာကို အကူအညီမဲ့စွာ ကြည့်လိုက်မိသည်။ သူကတစ်ဖက်လူကို ထပ်မတွန်းချင်တော့သဖြင့် သူတတ်စွမ်းသမျှ ရုန်းကန်နေလေသည်။

"ကျေးဇူးပြုပြီး ချပေးပါ!"

လန်ခွန်းက အခြားလူကို စက္ကန့်အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ နောက်ဆုံးတွင် ရန်ဖုန်းကောကို ကြမ်းပြင်ထက် ဖြည်းဖြည်းချင်း ချပေးလိုက်သည်။

ရဖို့ခက်ခဲသလို လုပ်နေတာလား။ အား၊ ဘယ်လိုတောင် ကလေးဆန်တာလဲ။

ရန်ဖုန်းကော သူ့ခြေထောက်က ကြမ်းပြင်ပေါ်ထိလိုက်သည်နှင့် ခေါင်းမူးသွားသလို ခံစားလိုက်ရသည်။ သူ့ဘေးက ဒဏ်ရာက အလွန်နာကျင်နေသော်ငြား ထုံဆေး၏အကူအညီဖြင့် သည်းခံနိုင်ခဲ့သည်။ အဲဒါအတွက် သူမနေနိုင်ဘဲ အန်းချန်ကို ကျေးဇူးတင်မိသည်။  သို့မဟုတ်ပါက သူ့ခံနိုင်ရည်ရှိဖို့အတွက် ယင်းက နာကျင်လွန်း၏။

(ရပျနား) အစားထိုးချစ်​သူ /အစားထိုးချစ်သူ (Translation)Opowieści tętniące życiem. Odkryj je teraz