အခန်း ၁၄။ ကိုယ်တိုင်ကိုယ်ကျ တက်တူးထိုးပေးခြင်း

204 54 2
                                    

အခန်း ၁၄။ ကိုယ်တိုင်ကိုယ်ကျ တက်တူးထိုးပေးခြင်း

ရန်ဖုန်းကောသည် ကိုယ်ကိုကိုင်းပြီး အိပ်ရာပေါ်မှ ရေချိုး၀တ်ရုံကို လှမ်းဆွဲကာ သူ့ကိုယ်သူပတ်လိုက်ရင်း မျက်လုံးပင့်လိုက်သည်။

"ကိစ္စတစ်ခုခုအတွက် ငါ့ကိုလိုအပ်လို့လား"

"စောစောက... ငါတောင်းပန်ပါတယ်။ ပြီးတော့ ကျေးဇူးပဲ"

စုယီမော့သည် သူ့အကြည့်များကို မရှောင်လွှဲသေးဘဲ ဆက်လက်ပြီး ရန်ဖုန်းကောတစ်ယောက် စိတ်အေးလက်အေးဖြင့် အမူအရာကင်းမဲ့စွာ ရှိနေပုံကို ငေးကြည့်နေသည်။

တောင်းပန်တာက စောစောကမီးဖိုခန်းထဲက ကိစ္စကိုများလား။ ဟုတ်တာပေါ့။ ကျေးဇူးတင်တယ်ဆိုတာကတော့ ဗုံးပေါက်ကွဲမှုကိုရှောင်နိုင်ခဲ့တာကြောင့်ပင်။

ဒါပေမဲ့လည်း သူ့စကားလုံးတွေက ဘာကြောင့် တောင့်တင်းနေတာပါလိမ့်။ တောင်းပန်တာဖြစ်ပါစေ၊ ကျေးဇူးတင်တာဖြစ်ပါစေ။ ရန်ဖုန်းကောဟာ စိတ်ရင်းနှင့်ပြောနေတာမဟုတ်ကြောင်း သိရှိသည်သာ။

မည်သို့ပင်ဆိုစေ။ ဆူရီမိုက သူ့ကို တောင်းပန်စကား ထူးထူးခြားခြား ပြောလာသည်ကို မြင်လိုက်ရသဖြင့် ခေတ္တမျှခွင့်လွှတ်ရန် ဆုံးဖြတ်လိုက်သည်။ နောက်ဆုံးတော့ ထိုသူက သူ့သူဌေးပဲမဟုတ်လား။
 
ရန်ဖုန်းကောသည် သူ့ပခုံးကိုတွန့်ပြရင်း သည်ကိစ္စကို အမြန်ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်သည်။

"စိတ်မပူပါနဲ့။ ရပါတယ်။"

"မင်းအမာရွတ်ဆွဲနေတာလား"

စုယီမော့သည် ကသိကအောင့်ဖြစ်ဟန်ဖြင့့် နှာခေါင်းကို ပွတ်လိုက်သည်။ စကားနည်းသော ရေခဲတုံးကြီးတစ်တုံးအနေဖြင့် စကားစမြည်စပြောရန်မှာ အလွန်ခက်ခဲသည်ပင်။

"မင်းမြင်ပြီးပြီကို။ အပိုတွေပြောနေစရာ လိုသေးလို့လား"

မျှော်လင့်ထားသည့်အတိုင်း ဤရေခဲလူသား ရွေးချယ်ခဲ့သော စကားဝိုင်းသည်ပင် ကိုးယို့ကားယားနိုင်လှသည်။

"ငါကူညီပေးဖို့လိုသေးလား"

စုယီမော့၏ အကြည့်များက ပို၍ရဲတင်းလာသည်။ သူသည် ချောင်ကျနေသော ၀တ်ရုံကြောင့် လုံးလုံးလျားလျား ပေါ်ထွက်လုနီးပါး ဖြစ်နေသော ရန်ဖုန်းကော၏ ရင်ဘတ်ကို စိုက်ကြည့်သည်။

(ရပ်နား) အစားထိုးခ်စ္​သူ /အစားထိုးချစ်သူ (Translation)Where stories live. Discover now