အခန်း ၁၇။ အမဲလိုက်သိမ်းငှက်။

170 41 4
                                    

အခန်း ၁၇။ အမဲလိုက်သိမ်းငှက်။

TN *hawk - သိမ်းငှက်
goshawk - အကောင်ကြီး၍ အတောင်တိုသည့် သိမ်းငှက်တစ်မျိုး
Falcon - အမဲလိုက်သိမ်းငှက် အမျိုးအစားတစ်ခု
Chasing Hawk - အမဲလိုက်သိမ်းငှက် အမျိုးအစားတစ်ခု

"မီလဲ့တဲ့လား...။ ဘာလို့ဒီလောက် သူစိမ်းဆန်နေရတာလဲ။ နင် ငါ့ကို ရှောင်မီလို့ မခေါ်ဖူးလို့လား"

မီလဲ့က သူမလက်ထဲမှာရှိသည့် ကော့တေးဖျော်ခွက်ကို ကျွမ်းကျင်စွာ ယမ်းလိုက်သည်။ သူမသည် တောက်ပစွာ ပြုံးပြေီး အထူးသဖြင့် သူမ၏ပါးပြင်ပေါ်တွင် ပါးချိုင့်လေးများဖြင့် ဆွဲဆောင်မှုရှိနေသည်။

"ဒီနေ့တော့ လူအများကြီးရှိနေတာမို့ နင့်ကိုမျက်နှာသာ ပေးလိုက်မယ်"

ရန်ဖုန်းကောသည် ဘားဘေးရှိ ထိုင်ခုံမြင့်မြင့်ကြီးတစ်ခုပေါ်တွင် ထိုင်နေလိုက်သည်။ တံတောင်ဆစ်နှစ်ဖက်ကိုတော့ အလိုအလျောက်ပင် ရှေ့မှကောင်တာပေါ်သို့ တင်လိုက်သည်။

"ငါ့ကို absinthe တစ်ခွက်ပေး"

သူ့ရဲ့ အနေအထိုင်က ပေါ့ပေါ့ပါးပါးဟန် ရှိပေမဲ့လည်း ဘားထဲကမိန်းကလေး တော်တော်များများကတော့ ဝမ်းသာအားရ အော်ဟစ်ကြလေသည်။

"ပြဿနာမရှိဘူး"

မီလဲ့က ပွင့်ပွင့်လင်းလင်း ပြန်ဖြေပြီး နောက်ပြောင်သည်။

"ဒီညရောက်လာတာ ကောင်မလေးတွေ ရှာဖို့လား"

ချန်ရှီးရန်သည် ရန်ဖုန်းကော၏ဘေးတွင် ထိုင်နေကာ သူ့အဖြေကို စောင့်ဆိုင်းရင်း အလားတူ မေးခွန်းထုတ်တဲ့ မျက်လုံးတွေနှင့်သူ့ကို ကြည့်နေသည်။

လမ်းမှာမေးထားပြီးသားဆိုသော်လည်း ရန်ဖုန်းကောက ပြန်မဖြေခဲ့ပေ။ ထျန်လန်ကိုရောက်သည်အထိ စောင့်ရန်သာ ပြောခဲ့သည်။ အခုတော့ သူတို့ဒီမှာရှိနေပြီမို့ သူဖြေရမယ့်အချိန်ရောက်ပြီ။

"မင်းပြောခွင့်ပြုရင် ဟုတ်တယ်လို့ ငါပြောပါရစေ..."

ရန်ဖုန်းကောတစ်ယောက် ဆိုးသွမ်းသော အပြုံးလေးဖြင့် ပြောလိုက်သည်။ မီလဲ့မှာတော့ ရှက်ရွံ့သွားကာ သူမ၏မကျေမနပ်ဖြစ်နေသော အသံဖြင့် "ဟမ့်"ဟု ပြောလိုက်သည်။

ရန်ဖုန်းကော၏စကားကိုကြားသောအခါ ချန်ရှီးရန်သည် ချက်ချင်းပင် ထုတ်ပြောလာသည်။

(ရပ်နား) အစားထိုးခ်စ္​သူ /အစားထိုးချစ်သူ (Translation)Where stories live. Discover now