အခန်း ၂။ ထင်ယောင်ထင်မှား

376 71 12
                                    

အခန်း ၂။ ထင်ယောင်ထင်မှား

မြို့တော် A....။ ရှန့်ဆေးရုံ....

ခြောက်လွှာ၊ အခန်း (၆၀၈)။ အထူးကြပ်မတ်ကုသဆောင်၏ အပြင်၌...။

သတင်းထောက်များနှင့် ဓာတ်ပုံဆရာများပါ၀င်သော လူစုလူေ၀းသည် မိုက်ခရိုဖုန်းကိုယ်စီကိုင်ဆောင်လျက် အထဲတွင်ရှိသောလူနာကို စောင့်ကြပ်နေကြသည်။

သည်မနက်တွင် အထူးသတင်းချန်နယ်လ်များနှင့် သတင်းစာများသည် သတိပေးချက်တစ်ခုကို လက်ခံရရှိခဲ့ပြီး ၎င်းမှာ ကျင်းချိုးဟန်ကို တာ၀န်ယူကုသနေသည့် ဆေးရုံမှာ 'ရှန့်ဆေးရုံ' ဖြစ်ကြောင်းပင်။

သတင်းထောက်များသည် အပြေးအလွှားသွားရောက်ကြပြီး သူတို့အားလုံး သတင်းဦးရရှိရန် မျှော်လင့်နေကြသည်။

ဒါက ရုပ်ရှင်လောကရှိ သတင်းကြီးတွေထဲက တစ်ခုဖြစ်သည်။ ဘယ်သူကမှ နောက်ကောက်ကျချင်မည်မဟုတ်။ အခြားကုမ္ပဏီတွေ သူတို့ရဲ့သတင်းဇာတ်လမ်းကိုလုယူမှာ ကြောက်ရသည်။

လူတိုင်းသည် သူတို့၏လက်များကို နည်းနည်းပို၍ ရှည်ရှည်ထုတ်နိုင်ရန်ကြိုးစားရင်း၊ ခေါင်းကိုမော့ လည်ကိုဆန့်ရင်း၊ အသံကိုပို၍ကျယ်လောင်စေရင်း ဓားတစ်ချောင်းသဖွယ် ထက်မြိလှသောမေးခွန်းတွေလည်းမေးရင်း တစ်ဦးနှင့်တစ်ဦး တိုး၀င်တွန်းထိုးနေကြသည်။

"မစ္စတာစု... ကျန်းချိုးဟန်တိုက်ခိုက်ခံရပြီး အခုဆေးရုံမှာဆိုတော့ 'Bu Bu Jie Lang' ရုပ်ရှင်ကားက ပယ်ဖျက်ခံလိုက်ရပြီလား"

"မစ္စတာစု... ကျန်းချိုးဟန်ရဲ့ ဒဏ်ရာက ဘယ်လိုနေပါသလဲ။ သူမကြာခင် ပြန်ကောင်းလာမှာလား"

"မစ္စတာစု... 'SHINE' က Bu Bu Jie Lang ရဲ့ ခေါင်းဆောင်မင်းသားကို လူလဲဖို့ ဆုံးဖြတ်လိုက်ပြီလား"

"မစ္စတာစု..."

"မစ္စတာစု..."

စုယီမော့သည် သူ့လက်ထောက်ကို ထိုမေးခွန်းများဖြေကြားရန် စေခိုင်းလိုက်ပြီး သူကတော့ ဆေးရုံခန်းထဲရှိ ကုတင်ပေါ်၌ လဲလျောင်းနေသောလူကို လှမ်းကြည့်လိုက်သည်။

အလွန်အမင်းဖြူဖျော့နေသည့် အသားအရည်၊ အက်ကွဲနေသော နှုတ်ခမ်းလွှာများ၊ ပိတ်နေသော မျက်လုံးများနှင့် နှေးကွေးအားနည်းလှသော အသက်ရှူသံများ...။

(ရပ်နား) အစားထိုးခ်စ္​သူ /အစားထိုးချစ်သူ (Translation)Where stories live. Discover now