အခန်း ၁၆။ မ​တွေ့တာကြာပြီ​နော်​။

75 8 0
                                    

အခန်း ၁၆။ မ​တွေ့တာကြာပြီ​နော်​။

ရန်ဖုန်းကောတစ်ယောက် လုံခြုံရေးကင်မရာများကို ဂရုတစိုက်ရှောင်ရှားပြီး နောက်ဆုံးမှာ​တော့ အဆောက်အဦကြီးမှ ထွက်ခွာနိုင်ခဲ့သည်။ သူသည်​ လမ်းဘေးသို့ ပြေးသွားပြီးနောက် ရပ်တန့်ကာ သူ့လက်ကိုင်ဖုန်းကို ထုတ်ယူလိုက်​သည်။

သူ၏ရှည်လျားသော လက်ချောင်းများနှင့် စာလုံးအနည်းငယ်ကို ရိုက်လိုက်ပြီး 'ပို့သည်'ကိုနှိပ်လိုက်သည်။

စက္ကန့်အနည်းငယ်ကြာသောအခါ သူ့ဖုန်းက မက်ဆေ့ပို့ပြီးကြောင်း အသိပေးလာသည်။ ရန်ဖုန်းကောက သူ့လက်တွေကို ပိုက်ထားရင်း လမ်းမီးတိုင်ကိုမှီကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။

ဆယ်မိနစ်ကြာပြီးနောက်...

အနီရောင်ပြိုင်ကားတစ်စီးက သူရှေ့တွင် ရပ်တန့်သွားသည်။ ခရီးသည်ထိုင်ခုံ၏ ဘေးဘက်ပြတင်းမှန်က အောက်ကိုနိမ့်ကျသွား၏။ ကားမောင်းသူမှာ တစ်ခေါင်းလုံး ထင်သာမြင်သာရှိသော အနီရောင်ဆံပင်များနှင့်ပြည့်နေသည့် အမျိုးသားတစ်ယောက်ဖြစ်သည်။

သူက ညဘက်မှာတောင် နေကာမျက်မှန်တပ်ထားကာ အလွန်ကြည့်ကောင်းနေသည်။ ပါးစပ်တွင် တစ်ဝက်လောက်လောင်ကျွမ်းထားသော စီးကရက်ကိုခဲထားသည်။

သူသည်​ သူ့ကိုစောင့်နေသူဟာ ရန်ဖုန်းကောဖြစ်နေမှန်း သိသွားသောအခါ ပြုံးပြီး ပုလဲကဲ့သို့ ဖွေးနေသော သွားများကို ထုတ်ပြလိုက်သည်။

သူရဲ့ခေါင်းကို လှုပ်ရှားလိုက်သည့်​အခါမှာ​တော့ စီးကရက်မှ ပြာမှုန်များ လွင့်ပျံလာသည်။ သူသည်​ သူ၏အဆင်ခြင်မဲ့ပြီး ဟိတ်ဟန်ထုတ်တတ်သည့် စရိုက်အတိုင်း စိတ်လှုပ်ရှားစွာပြောလိုက်သည်။

"အရူးကောင်၊ တကယ်ပဲမင်းကိုး ဝင်ခဲ့လေ''

ချန်ရှီးရန်သည် အမြဲလိုလိုတက်ကြွနေတတ်သည်။ ရန်ဖုန်းကော၏နှုတ်ခမ်း​လေး အပြုံးဖြင့်တွန့်သွားပြီး ကားတခါးကိုဖွင့်ကာ အမြန်ဝင်လိုက်သည်။

''ဒီလောက်နောက်ကျနေပြီ၊ ငါ့ကိုဘာလုပ်ဖို့ခေါ်တာလဲ''

"ငါတို့ ထန်လန်ကိုရောက်တာနဲ့ မင်းကိုပြောပြမယ်"

(ရပျနား) အစားထိုးချစ်​သူ /အစားထိုးချစ်သူ (Translation)Où les histoires vivent. Découvrez maintenant