အခန်း ၁၅။ ညဉ့်နက်ယံမှ အတွေးများ....

224 53 3
                                    

အခန်း ၁၅။ ညဉ့်နက်ယံမှ အတွေးများ....

စုယီမော့သည် ရန်ဖုန်းကော၏ကြွက်သားများ ရုတ်တရက် တောင့်တင့်သွားသည်ကို သတိထားမိတာကြောင့် ရပ်တန့်ကာ မေးလိုက်သည်။

"ဘာဖြစ်လို့လဲ "

"ဘာမှမဖြစ်ဘူး ၊ ဆက်ဆွဲပါ"

ရန်ဖုန်းကော စိတ်လျှော့လိုက်ပေမယ့် သူ့အမူအယာကတော့ စူးရှနေသည်။

ကျင်းချိုးဟန်က ဒီလူနှင့်များ ပတ်သက်နေတာဖြစ်နိုင်လား။

စုယီမော့၏ အဆင့်အတန်းနှင့် အမြင်အရ ဒီတက်တူးက ဘာကို ကိုယ်စားပြုတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိထားသင့်တယ်လို့ထင်တာကြောင့် သူ့ရဲ့ဇာစ်မြစ်ကို တမင်တကာ လျစ်လျူရှုနေသည်လား။

သူ ကျင်းချိုးဟန်ကို အရမ်းချစ်တာမို့ သူက အရာအားလုံးကို ခွင့်လွှတ်နိုင်ခဲ့တာလား။

"မင်းနဲ့ ကျင်းချိုးဟန်၊ ဘယ်လိုတွေ့ဖြစ်ကြတာလဲ"

ရန်ဖုန်းကော မေးလိုက်သည်။ စကားလုံးတွေကို မတော်တဆအားဖြင့် သူ မစဉ်းစားမိချေ။ သို့သော်လည်း သူ့နားတွေကတော့ ဖြတ်လတ်နေဆဲပင်။

"ဘာလို့မေးတာလဲ၊ မင်းသိချင်လို့လား"

စုယီမော့၏ခဲတံက ခဏမျှ ရပ်တန့်သွားသည်။ သို့ပေမယ့် သူက တက်တူးပေါ်တွင် အရောင်ဆက်ဖြည့်လိုက်သည်။

"လူစားထိုးတစ်ယောက် သိဖို့လိုအပ်တဲ့အရာပဲ၊ တစ်ချို့နေ့တွေမှာ တစ်စုံတစ်ယောက်က ငါတို့ဘယ်လိုတွေ့တာလဲလို့မေးရင် ငါမသိတာကို ဖြေနိုင်မှာမဟုတ်ဘူးလေ၊ ဟုတ်တယ်ဟုတ်"

ရန်ဖုန်းကော ဆင်ခြေတစ်ခုကို ချက်ချင်း ရှာတွေ့သွားသည်။

"အဟွန်း..."

စုယီမော့ နှာမှုတ်လိုက်သည်။

"မင်းသူ့ကို 'ထွေထွေထူးထူး ပြောစရာမရှိဘူး'လို့ ပြောလိုက်လို့ရတယ်"

"ကောင်းပြီ၊ တကယ့်ကို မင်းရဲ့ပုံစံပါပဲ"

တကယ်တော့ ရန်ဖုန်းကောသည် အစားထိုးတစ်ဦးအနေဖြင့် သူမသိနားမလည်သည့် မူလပိုင်ရှင်၏ကိစ္စရပ်များနှင့် ပတ်သက်သော ကိစ္စရပ်များကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို သိပါသည်။

(ရပ်နား) အစားထိုးခ်စ္​သူ /အစားထိုးချစ်သူ (Translation)حيث تعيش القصص. اكتشف الآن