အခန်း ၈။ ဗိုက်အောင့်လို့လား။ ငါ့ကိုနှိပ်ပေးခွင့်ပြုနော်။

281 71 10
                                    

အခန်း ၈။ ဗိုက်အောင့်လို့လား။ ငါ့ကိုနှိပ်ပေးခွင့်ပြုနော်။

"အားမော့... ငါနဲ့ထပ်ပြီးနေပေးပါဦ"

အသံတူရုံသာမက မျက်နှာကပါ ကျင်းချိုးဟန်၏ ကြင်နာနွေးထွေးသော မျက်နှာအမူအရာနှင့်ဖြစ်သည်။

စုယီမော့တစ်ယောက် ရန်ကောကောသည် ကျင်းချိုးဟန်ကိုယ်တိုင်ဖြစ်သည်ဟု ထပ်မံ၍ တွေးမိရပြန်သည်။

စုယီမော့သည် စိတ်အာရုံပြန်လည်လာပြီးနောက် သူ့ခန္ဓာကိုယ်ကိုကွေးကာ ရန်ဖုန်းကော၏နဖူးထက်သို့ နူးညံ့သောအနမ်းတစ်ပွင့်ပေးလိုက်သည်။

"ငါပြန်လာခဲ့မယ်"

အခန်းအပြင်သို့ထွက်သွားသော တစ်ဖက်လူ၏ပုံပန်းသွင်ပြင်ကိုကြည့်ရင်း ရန်ဖုန်းကောတစ်ယောက် မချိပြုံးပြုံးလိုက်သည်။

ဒီလူ... အပျော်အပါးရှောင်တဲ့ ရေခဲတုံးကြီးဖြစ်ရုံမက သွေးဆောင်ဖျားယောင်းဖို့လည်း မလွယ်ပါလားနော်။

ထို့နောက် ရန်ဖုန်းကောတစ်ယောက် မျက်ခုံးကြုံ့မိပြန်သည်။ သူ့ဗိုက် ထပ်နာလာပြန်ပြီ။

သေစမ်း... ငါတော့ ဆေးတွေအပေါ် ပိုပြီးမှီခိုရတော့မှာပဲ။

ယခင်ကဆိုလျှင် နာကျင်မှုများပြေပျောက်သည်အထိ ကြံ့ကြံ့ခံလိုက်ရုံသာ။ သို့သော်ငြား လွန်ခ့ဲသောနှစ်နှစ်အတွင်း ရွေးချယ်စရာမရှိဘဲ ဆေးများအပေါ်၌ မှီခိုခဲ့ရသည်။

body double တစ်ယောက်အနေဖြင့် ရန်ဖုန်းကောသည် ပုံစံမျိုးစုံ၊ စရိုက်မျိုးစုံ သရုပ်ဆောင်နိုင်သည်။

အစားထိုးပြီးနေထိုင်စဉ်ကာလအတွင်း မူလလူ (သူသရုပ်ယူထားရသူ) ကြိုက်သမျှ သူကြိုက်သည်။

မူလလူက spicy foodများကို စားရတာကြိုက်လျှင် ဘယ်လိုစားရမည်ဆိုတာ သူလေ့လာရသည်။ ထို့ပြင် ၎င်းတို့ကို မျက်နှာတစ်ချက်မပျက်ဘဲ စားရသည်။

မူလလူက ဆောင်းရာသီအတွင်းတွင် ရေခဲမုန့်ခွက်ကြီးတစ်ခွက်ကို စားရခြင်း၌ ပျော်ရွှင်ပါက သူလည်း စားရသည်ပင်။

body double တစ်ယောက်အနေဖြင့် ရန်ဖုန်းကောသည် မူလလူ၏ဘ၀နေထိုင်မှုပုံစံအတိုင်း သူ့ကိုယ်သူ နှစ်မြုှပ်ထားသည်။

(ရပ်နား) အစားထိုးခ်စ္​သူ /အစားထိုးချစ်သူ (Translation)Where stories live. Discover now