အခန်း ၃။ လူရှေ့သူရှေ့ ကလူကျီစယ်...

308 69 10
                                    

အခန်း ၃။ လူရှေ့သူရှေ့ ကလူကျီစယ်...

ညနေရောက်သော် ဆရာ၀န်သည် ပုံမှန်အတိုင်း လာရောက်စစ်ဆေးသည်။ တစ်ခဏမျှစစ်ဆေးပြီးနောက် သူသည် တံခါးပြန်ပိတ်ကာ သူ့ကိုတစ်ယောက်တည်း ချန်ထားရစ်ခဲ့သည်။

ရန်ဖုန်းကောသည် ဆာလောင်နေသောဗိုက်ကိုပွတ်ကာ တိတ်တိတ်ကလေး သက်ပြင်းချသည်။

သူအခု ဘာသွားလုပ်ရတော့မလဲ။ သူကအရေးကြီးလူနာအဖြစ် အစားထိုးထားသူတစ်ယောက်ဆိုတာ ထိုသူမေ့သွားပုံရသည်။

သတိလစ်ဟန်ဆောင်နေရရုံသာမက ဘာမှလည်းမစားရပေ။ ဒါပေမဲ့လည်း သူက လူနာမှမဟုတ်တာ။ စုယီမော့က သူနေ့တိုင်း IV သွင်းရုံနဲ့ အသက်ရှင်နေနိုင်မယ်လို့ မျှော်လင့်ထားတာတော့ မဟုတ်လောက်ဘူးမလား။

အခန်းအပြင်၌ သတင်းထောက်များသည် တံခါးစောင့်များ လုပ်နေကြဆဲဖြစ်ပြီး အလျှော့ပေးရန် ဆန္ဒမရှိကြပေ။ သူ ခိုးထွက်ပြီး တစ်ခုခုသွားစားရန် နည်းလမ်းမရှိ။

ဘယ်လောက်တောင် တုံးအလိုက်တဲ့ အတွက်အချက်မှားမှုကြီးလဲကွာ...

သူ့ကိုယ်ထဲသို့ ကျည်ဆန်သုံးချက်မှန်ထားသည်ဟု မှတ်ယူထားသည့်အတိုင်း အနည်းဆုံးတော့ သီတင်းပတ်အနည်းငယ်ခန့် ဟန်ဆောင်နေရပေဦးမည်။

(*ဒီနေရာမှာလေ ကျည်ကသုံးချက်ဖြစ်နေတယ်။ အရင်ကပြောထားတာ နှစ်ချက်တဲ့။ Eng trans ကပဲမှားတာလား။ ပေထန်မော့လောင်ရှီးကပဲ မေ့သွားတာလားတော့ အိုင်လည်းမသိပါ။)

ဒီလိုပုံစံနှင့် နောက်ထပ်သီတင်းပတ်နည်းနည်းလောက်ကို ဘယ်လိုရှင်သန်နိုင်မည်လဲ။

ချီးတဲ့မှ...။ အခကြေးငွေမြင့်တော့ရော ဘာဖြစ်တုန်း။ ဗိုက်အဆာခံရုံကလွဲပြီး တခြားနည်းလမ်းမရှိတော့ဘူးလား။

ရန်ဖုန်းကောသည် တိတ်တိတ်ကလေး ဆဲရေးနေကာ သူ၏မကျေမချမ်းဖြစ်နေမှုတို့မှာ သိသိသာသာပင်။ အသက်ပြင်းပြင်းရှိုက်ပြီးနောက် ဆက်လက်ပြီး မံမီရုပ်လုပ်တမ်း ကစားနေတော့သည်။

သုံးရက်ကြာပြီးနောက်ဆုံးမှာတော့ လာလည်သူတစ်ချို့ရရှိလေပြီ။

(ရပ်နား) အစားထိုးခ်စ္​သူ /အစားထိုးချစ်သူ (Translation)Where stories live. Discover now