အခန်း ၂၁။

91 7 0
                                    

ရန်​ဖုန်း​ကောသည်​ သူ့ဒဏ်​ရာကိုဖိထားရင်း ​နောက်​ကိုနှစ်​လှမ်းဆုတ်​လိုက်​၏။ သူ့မျက်​လုံးများကို တဖြည်းဖြည်း ပင့်​တင်​ကာ မျက်​နှာချင်းဆိုင်​မှလူကို စိုက်​ကြည့်​လိုက်​သည်​။

"မင်းက အရင်​တုန်းကအတိုင်းပဲ..."

သူ့တွင်​ စဉ်းလဲ​မှုများ၊ သစ္စာမဲ့မှုများနှင့်​ ​ကောက်​ကျစ်​မှုတို့ရှိ​နေဆဲ။

အန်းချန်​ မတ်​တပ်​ရပ်​ကာ ရန်​ဖုန်း​ကောကို သာမန်​ကာလျှံကာကြည့်​သည်​။

"ငါအရင်က ဘာနဲ့တူခဲ့တယ်ဆိုတာ မင်းမမှတ်​မိ​တော့တာ​ sorry ပါကွာ။ ငါမင်းကိုရှာ​တွေ့ပြီဆိုမှ​တော့ ​သေချာ​ပေါက်​ အသုံးချရမှာ​ပေါ့"

"စိတ်​ကြီးဝင်​မ​နေနဲ့"

ရန်​ဖုန်း​ကောက တစ်​ဖက်​လူကို ဆူပူသည်​။ သူ့​ခြေ​ထောက်​များ အားနည်းသလိုခံစားလိုက်​ရပြီး မျက်​ခုံးများကို ထိစပ်​သည့်​တိုင်​ ကြုံ့ပစ်​လိုက်​သည်​။

ဓား​မြှောင်​ကို​ရှောင်​လိုက်​တာ​ကြောင့်​ ရလိုက်​သည့်​ဒဏ်​ရာက သိပ်​မနက်​​ပေ။ သူ့အမြင်​တစ်​ခုလုံး မည်း​မှောင်​လာကာ သူ့​ခြေလက်​အင်္ဂါများ ​ခွေယိုင်​လာ​တော့သည်​။

ဒါ... မဖြစ်​နိုင်​ဘူး။

"ငါကြိုတင်​ပြီး​တော့ ဓား​မြှောင်​မှာ ​မေ့​ဆေးသုတ်​ထားတာ​လေ။ ဒီ​တော့ မင်းအတွက် အ​ကောင်းဆုံး နည်းဗျူဟာက ငါ​တောင်းဆိုတာကို သ​ဘောတူလိုက်​ဖို့ပဲ"

အန်းချန်​က စားပွဲပတ်​လည်​တွင်​ လမ်း​လျှောက်​ရင်း ဒဏ်​ရာရ​နေသူဆီ ချဉ်းကပ်​သွားသည်​။

အလင်း​ရောင်​မှိန်​မှိန်​​လေးက စိတ်​ကူးစိတ်​သန်းရသွားသည့်​နှယ်​ ရန်​ဖုန်း​ကော၏မျက်​၀န်းထဲတွင်​ လက်​သွားသည်​။ သူသည်​ ပြတင်း​ပေါက်​များဆီ ကြည့်​လိုက်​ပြီး ၎င်းက spa ​ရေချိုးကန်​၏အ​ပေါ်နား၌ ရှိ​နေသည်​။
သူသည်​ ထိုင်​ခုံကို အန်းချန်​ဆီ ကန်​လိုက်​ပြီး တစ်​ဖက်​လူ၏လမ်း​ကြောင်းကိုပိတ်​လိုက်​သည်​။ အန်းချန်​တစ်​​ယောက်​ သူ့ဆီ​ရောက်​လာ​သော စားပွဲကို​ရှောင်​လိုက်​ရပြီး ရန်​ဖုန်း​ကောက​တော့ ပြတင်း​ပေါက်​ဆီ​ပြေးရာ ၎င်းနှင့်​တိုက်​မိသွားသည်​။
  
ရန်​ဖုန်း​ကော၏လှုပ်​ရှားမှုများက ​နှေး​ကွေး​ကာ မပြတ်​သား​သော်​လည်း တိုက်​ခိုက်​ရာ၌ သူ့ကိုယ်​သူကာကွယ်​ရန်​အတွက်​ သင့်​​လျော်​​သောတိုင်းတာမှုကို သတိရဆဲဖြစ်​သည်​။

(ရပျနား) အစားထိုးချစ်​သူ /အစားထိုးချစ်သူ (Translation)Kde žijí příběhy. Začni objevovat