အခန်း ၄။ လူသတ်သမားရှေ့မှာ ခွေးစာတွေကြဲမယ်။

241 61 8
                                    

အခန်း ၄။ လူသတ်သမားရှေ့မှာ ခွေးစာတွေကြဲမယ်။

ညဥ့်သန်းခေါင်ယံ၌....။

ဆေးရုံခန်းတံခါးသည် တိတ်တဆိတ်ပင် ပွင့်လာသည်။ ရန်ဖုန်းကောသည် စိတ်လှုပ်ရှားစွာဖြင့် မျက်လုံးဖွင့်လိုက်သည်။ နောက်ဆုံးမှာတော့ သူဆာလောင်လွန်းလို့ သေတော့မည်။

၀င်လာသူသည် မီးမဖွင့်ဘဲ တံခါးကိုအသာအယာပိတ်လိုက်သည်။ သူ့ညာဘက်လက်သည် ခြေသလုံးဘေးမှ တစ်စုံတစ်ရာကို လှမ်းယူလိုက်သည်။

ထို့နောက်သူသည် ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေသောလူဆီသု့ိ ညင်သာစွာလျှောက်လှမ်းလာသည်။

အမျိုးမျိုးသော ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများထံမှ ထွက်နေသော အလင်းရောင်မှိန်မှိန်သည် ထိုလူ့လက်ထဲမှ အရာကို အလင်းပြန်စေကာ ၎င်းမှာဓားမြှောင်တစ်ချောင်းဖြစ်ကြောင်း ရန်ဖုန်းကောကို မြင်လိုက်ရစေသည်။

သူက စုယီမော့ကိုစောင့်နေတာဖြစ်သော်လည်း ရောက်လာတာက လူသတ်သမားဖြစ်နေသည်။

ရန်ဖုန်းကောသည် အသက်ပြင်းပြင်းရှူကာ အာရုံစိုက်ပြီး ကြည့်လိုက်သည်။ ထိုသူအနားကပ်လာသည့်တိုင်အောင် တည်ငြိမ်စွာ စောင့်နေလိုက်သည်။

လူသတ်သမားသည် သူ့ညာဘက်လက်ကိုမြှောက်ကာ ဓားမြှောင်ကို အောက်သို့ထိုးချလိုက်သည်။ သို့သော်လည်း ထိုသူ့မှျှော်လင့်ချက်မှာ ဆန့်ကျင်ဘက်ပင်။

ဓားထိုးလိုက်သည့်နေရာမှ အရိုးမပေါ်လာသလို သွေးတွေ ဖြာထွက်လာသည်ကိုလည်း မခံစားမိချေ။ ၎င်းအစား အားနည်းဖျော့တော့သည့် တွန်းအားတစ်ခုနှင့်သာ ဆုံလိုက်ရသည်။

သေစမ်း...။

လူသတ်သမားသည် ဘာတွေဖြစ်နေသည်ဆိုတာ နားလည်သွားပြီး ဓားမြှောင်ကိုပြန်ဆွဲထုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် အံ့သြစရာကောင်းလောက်အောင် နောက်ကျလွန်းသွားခဲ့လေပြီ။

သတိပေးချက် တစ်စုံတစ်ရာမရှိပါဘဲ ရန်ဖုန်းကောသည် သူ့ခြေထောက်ကိုမကာ ထိုသူ၏နံရိုးများကို ကန်လိုက်သည်။ ထို့နောက်မှာတော့ အရိုးကျိုးသံများနှင့်အတူ နာကျင်စွာညည်းတွားသံကိုပါ တစ်ဆက်တည်း ကြားရသည်။

(ရပ်နား) အစားထိုးခ်စ္​သူ /အစားထိုးချစ်သူ (Translation)Where stories live. Discover now