အခန်း ၇။ အားမော့... ငါနဲ့ထပ်ပြီးနေပေးပါဦး။

287 65 12
                                    

အခန်း ၇။ အားမော့... ငါနဲ့ထပ်ပြီးနေပေးပါဦး။

ညလယ်ရှိပြီမို့ ဆေးရုံထဲတွင် လူအများကြီးရှိမနေ။ ထို့ပြင် အထူးကြပ်မတ်ကုသဆောင် တစ်ခုလုံးကို စုယီမော့မှ ကြိုတင်စာရင်းသွင်းထားပြီးဖြစ်ရာ ပို၍ပင် တိတ်ဆိတ်မှုကို ခံစားရနေရတော့သည်။

စုယီမော့သည် လမ်းလျှောက်လာရင်း သူ့အိတ်ကပ်ထဲ လက်နှိုက်ကာ စီးကရက်တစ်လိပ်လောက်ရှာဖွေသည်။ တစ်လိပ်စမ်းမိပြီးနောက် လက်ပြန်ထုတ်ကာ ၎င်းကို နှုတ်ခမ်းလွှာများအကြား ညှပ်လိုက်သည်။

ထို့နောက် ဓာတ်လှေကားခလုတ်ကိုနှိပ်ကာ စောင့်နေရင်း မီးခြစ်ထုတ်လိုက်သည်။

ဓာတ်လှေကားက လျှင်မြန်စွာ ရောက်ရှိလာသည်။ သူအထဲ၀င်လိုက်ပြီး မြေညီထပ်ဆီ ခလုတ်နှိပ်လိုက်သည်။

မီးခြစ်မှအလင်းရောင်လေး တစ်ခဏမှျှ တောက်ပလာပြီးနောက် ပြန်လည်ငြိမ်းသွားသည်။

စုယီမော့သည် ဆေးလိပ်ငွေ့များကို တစ်ချက်မျှ ခပ်ပြင်းပြင်းရှိုက်လိုက်ပြီး မီးခိုးငွေ့လုံးတစ်ခုအဖြစ် ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်သည်။ ထင်ရှားသာ သူ့ပုံရိပ်သည်ပင် မီးခိုးငွေ့များအကြား ေ၀ဝါးသွားရသည်။

ရန်ဖုန်းကော၏စကားလုံးများက သူ့ကို အခြေအနေသိပ်မကောင်းသည့် ကျင်းချိုးဟန်အကြောင်း သတိရစေသည်။

မှန်ပါသည်။ ကျင်းချိုးဟန်သေနတ်ပစ်ခံခဲ့ရသည်မှာ လ၀က်မျှရှိပြီဖြစ်သော်လည်း ယခုထိ သတိလစ်ကာ ကိုမာဖြစ်နေဆဲပင်။

ချိုးဟန်...

သူတို့မှာ ဘာမျှမရှိသေးစဉ် ကာလကတည်းက ကျင်းချိုးဟန်က သူ့ဘေးနားရှိပေးကာ သူနှင့်အတူတကွ လျှောက်လှမ်းခဲ့သည့်အကြောင်း ပြန်တွေးမိသည်။

သူတို့နှစ်ဦးသည် အချင်းချင်းဖေးမကူညီရင်း အခက်ခဲဆုံးသောနေ့ရက်များကို ကျော်ဖြတ်ခဲ့ကြသည်။ ထို့နောက်တွင် သူ့စီးပွားရေးလုပ်ငန်းမှာ တိုးတက်လာခဲ့ပြီး ကျင်းချိုးဟန်သည်လည်း သူ့အစွမ်းအစဖြင့် အောင်မြင်ကျော်ကြားသော ကြယ်တစ်ပွင့်အဖြစ် မြင့်တက်လာခဲ့သည်။

(ရပ်နား) အစားထိုးခ်စ္​သူ /အစားထိုးချစ်သူ (Translation)Where stories live. Discover now