အခန်း ၁၉။ လှပသော ယောက်ျား၏ ရင်ခွင်ထဲသို့ ကျရောက်နေစဉ် ကြံစည်ခြင်း (၁)

179 36 3
                                    

အခန်း ၁၉။ လှပသော ယောက်ျား၏ ရင်ခွင်ထဲသို့ ကျရောက်နေစဉ် ကြံစည်ခြင်း (၁)

"ကြောက်ရမယ့်လူက မင်းလေ"

ထိုစကားကိုပြောပြီးနောက် ရန်ဖုန်းကောက အန်းချန်က သူ့စကားကို လုံးဝအလေးအနက်မထားတာကို သိလိုက်ရသည်။ သူက ရယ်ပင်ရယ်လိုက်ကာ ခုံဘေးမှာရှိနေတဲ့သူ့ခြေထောက်တွေကို ရန်ဖုန်းကော၏ခါးတွင်ချိတ်လိုက်သည်။ အန်းချန်က ပြုံးပြီး ပြန်ပြောသည်။

"မင်းကို စိတ်ပျက်စေမိလို့ စိတ်မကောင်းပါဘူး၊ ဒါပေမယ့် ငါကြောက်ရမယ့် အကြောင်းအရင်းဘာမှမရှိဘူး!"

ပြောပြီးသည်နှင့် သူက ခေါင်းကိုရုတ်တရက်ငုံ့ကာ တစ်ဖက်လူရဲ့နှုတ်ခမ်းကို နမ်းလိုက်သည်။ သူက တစ်ဖက်လူရဲ့နှုတ်ခမ်းကို လုယူသလို အလျင်အမြန်  ကိုက်လိုက်နမ်းလိုက်လုပ်လေသည်။

ရန်ဖုန်းကောက အမြန်တုန့်ပြန်လိုက်သည်။ သူကအန်းချန်ရှေ့ကိုတိုးလာသည်နှင့် ခေါင်းကို ဘေးကိုစောင်းလိုက်ပေမယ့် အနမ်းကိုတော့ လုံးဝမရှောင်လိုက်နိုင်ပါချေ။

ရန်ဖုန်းကောက သူ့တံတောင်ကိုလွှတ်လိုက်ပြီး အန်းချန်ကို ဒေါသတကြီးကြည့်လိုက်သည်။ အန်းချန်က သူနှင့်အကြည့်ချင်းဆူံလိုက်ပြီး ရန်ဖုန်းကောက ဆက်နမ်းနေစေချင်သည့်အတိုင်း အေးအေးဆေးဆေးပင် ဆက်နမ်းလိုက်သေးသည်။

သူက သူ့ရဲ့ကံကောင်းမှုလေးတွန်းမထုတ်နိုင်ချေ။ သို့ပေမယ့် ရန်ဖုန်းကော၏ခါးထက်မှ သူ့ခြေထောက်များကို လွှတ်လိုက်ပြီး တစ်ဖက်လူကို ကောင်းကောင်းထိုင်ခွင့်ပေးလိုက်သည်။ အန်းချန်ကခုံပေါ်မှာခြေချိတ်ထိုင်လိုက်ပြီး ခေါင်းကို တံတောင်ဖြင့်ထောက်ထားလိုက်သည်။ သူ့နှုတ်ခမ်းထောင့်လေးတွေက သိသိသာသာအထက်ကိုကော့တက်နေပြီး သူ့အာရုံတွေအားလုံးကို ရန်ဖုန်းကောကိုပေးထား၏။

"မင်းဘယ်အချိန်ကစပြီး သတိကောင်းသွား(မမူးတော့)တာလဲ"

ရန်ဖုန်းကောက ပုခုံးကိူတွန့်လိုက်ကာ
"အဲဒါက ငါဘယ်သူနဲ့ရှိနေလဲဆိုတဲ့အပေါ် မူတည်တယ်"

"အိုး..."

အန်းချန်၏အမူအရာက မှောင်မိုက်သွားပြီး သူ့မျက်လုံးထဲ၌ အလင်းရောင်တစ်ချက်လက်သွားကာ ဆက်မေးလိုက်သည်။

(ရပ်နား) အစားထိုးခ်စ္​သူ /အစားထိုးချစ်သူ (Translation)Where stories live. Discover now