အခန်း ၆။မစိုးရိမ်နဲ့။ body double တစ်ယောက်ကို ငါဘယ်တော့မှချစ်မိမှာမဟုတ်ဘူး။

282 73 14
                                    

အခန်း ၆။မစိုးရိမ်နဲ့။ body double တစ်ယောက်ကို ငါဘယ်တော့မှချစ်မိမှာမဟုတ်ဘူး။

စကားပြောရင်းနှင့် အစားစားရသည်က အလွယ်တကူ အစာနင်စေသည်။ အထူးသဖြင့် ပေါက်ကွဲထွက်လောက်သည့်တိုင်အောင် ပါးစပ်အပြည့်ဖြည့်ထားကာ နှစ်ကြိမ်သာ သာမန်ကာလျှံကာဝါးပြီး မျိုချတတ်သည့် ရန်ဖုန်းကောလိုလူမျိုးအတွက်ဖြစ်သည်။

ချက်ချင်းပင် သူ့မျက်နှာအမူအရာ တောင့်တင်းသွားပြီးနောက် သူ့တူများကိုပစ်ချကာ ရင်ဘတ်ကို တဘုန်းဘုန်းထုရိုက်လိုက်သည်။

သူ့လည်ပင်းကိုဆန့်ကာ အားပါးတရမျိုချလိုက်ပြီး မျက်၀န်းများပင် အနီရောင်ပြောင်းသွားရသည်။

စုယီမော့ သတိပေးလိုက်သည်။

"စွပ်ပြုတ်သောက်လိုက်လေ"

သူ့မျက်နှာပေါ်ရှိ နားလည်သဘောပေါက်သွားသော အမူအရာနှင့်အတူ ရန်ဖုန်းကောသည် ဘယ်ဘက်လက်ထဲတွင်ကိုင်ထားသော ဘန်းမုန့်ပေါင်းကို အနွေးဘူးထဲပစ်ထည့်လိုက်သည်။

ပြီးကာမှ လက်နှစ်ဖက်စလုံးဖြင့် စွပ်ပြုတ်ဘူးကိုကိုင်ကာ ပါးစပ်ဟပြီး မသောက်ခင် အကြိမ်ရေအနည်းငယ်ခန့် မှုတ်လိုက်သည်။

စွပ်ပြုတ်က သိပ်မပူတော့ဘဲ ကြက်သီးနွေးလေးသာဖြစ်ကြောင်း သိရှိပြီးကာမှ ငုံကာမျိုချလိုက်သည်။

ရန်ဖုန်းကောတစ်ယောက် ရယ်စရာကောင်းလောက်အောင်ပင် အစမှအဆုံးတိုင် အစားအသောက်များဖြင့်တိုက်ခိုက်ရင်း လူ့ကိုယ်၌ပူးကပ်နေသည့် ဆာလောင်နေသောသရဲတစ်ကောင်လို ပြုမူနေပုံကိုကြည့်ကာ စုယီမော့တစ်ယောက် အကူအညီမဲ့စွာပင် ခေါင်းခါမိတော့သည်။

စွပ်ပြုတ်သောက်ပြီးခိျန်မှာတော့ ရန်ဖုန်းကောတစ်ယောက် သက်ပြင်းချနိုင်ခဲ့လေပြီ။

နောက်ဆုံးတော့ အကုန်လုံးမျိုချလိုက်နိုင်ပြီ...။

"မင်းပုံစံက ပြင်းပြင်းထန်ထန်ဒဏ်ရာရပြီး သေတော့မလိုဖြစ်နေတဲ့လူတစ်ယောက်နဲ့လဲ မတူဘူး"

စုယီမော့သည် တစ်ဖက်လူ၏ သတိထားမှုကင်းမဲ့ကာ အစားအသောက်ကိုသာ အငမ်းမရ ဆက်လက်မျိုချနေသည်ကို ကြည့်လိုက်သည်။

(ရပ်နား) အစားထိုးခ်စ္​သူ /အစားထိုးချစ်သူ (Translation)Where stories live. Discover now