အခန်း ၅။ ဟန်ဆောင်ခြင်းနှင့် အတုအယောင်အနမ်း

258 65 20
                                    

အခန်း ၅။ ဟန်ဆောင်ခြင်းနှင့် အတုအယောင်အနမ်း

သူတို့၏နှုတ်ခမ်းလွှာများသည် အနမ်းတစ်ခုအဖြစ် တွေ့ဆုံသွားကြသည်။ စုယီမော့၏နှုတ်ခမ်းလွှာများမှာတော့ သူ၏ပင်ကိုစရိုက်လိုပင် ရေခဲတမှျှအေးစက်လျက်သာ။

သူတို့၏နှုတ်ခမ်းများထိစပ်သွားချိန်၌ နှစ်ယောက်စလုံး လျှပ်စစ်ရှော့ခ်တိုက်ခံရသလို ခံစားမိကြသည်။ ရန်ဖုန်းကောသည် မရည်ရွယ်ပါဘဲ မျက်၀န်းထောင့်မှတစ်ဆင့် လူသတ်သမားကို လှမ်းကြည့်လိုက်သည်။
 
သို့သော် စုယီမော့က တစ်စုံတစ်ရာအရိပ်အမြွက်ပြလိုဟန်ဖြင့် သူ့ခါးကို အားပါပါညှစ်လိုက်လေသည်။ ရန်ဖုန်းကော၏မျက်လုံးများ တောက်ပသွားကာ ချက်ချင်းပင် နားလည်လိုက်သည်။

သူတို့က ပြပွဲတစ်ခုကို ဖန်တီးနေတာပဲ။ ဒီတော့ကာ ဒီလူက လူသတ်သမားရှေ့မှာ ပြပွဲလေးတစ်ခု ကပြချင်နေတာပေါ့လေ။

ချက်ချင်းပင် ရန်ဖုန်းကောသည် လူသတ်သမားဆီရောက်နေသော အာရုံအလုံးစုံကို ပြန်လည်သိမ်းဆည်းကာ စိတ်ပါလက်ပါဖြင့် စုယီမော့ကို ပြန်လည်နမ်းရှိုက်ပေးလိုက်သည်။

ယခင်အလုပ်တုန်းကဆိုလျှင် အချိန်တိုင်းနီးပါးသရုပ်ဆောင်ရင်း တစ်စုံတစ်ယောက်နှင့် နမ်းရှိုက်ရသည်။ သို့သော် အမျိုးသားတစ်ယောက်နှင့် နမ်းရသည်ကတော့ ဒါကပထမဆုံးပင်။

ဟုတ်ပါသည်။ ရန်ဖုန်းကော၏ခေါင်းမာကာ အလျှော့မပေးလိုသည့်စရိုက်ကြောင့် စုယီမော့ထံမှ မူးေ၀ကာ ခေါင်းတွေရှုပ်သွားသည်အထိ အနမ်းခံလိုက်ရရုံကလွဲလို့ တခြားနည်းလမ်းလည်း မရှိပါချေ။

သူသတိလွတ်သွားတာက ရင်ထိတ်ကာ စိတ်လှုပ်ရှားသွားတာကြောင့်ဖြစ်သည်။

သူမတော်တဆ စုယီမော့၏နှုတ်ခမ်းကိုကိုက်မိလိုက်ပြီး စုယီမော့ကလည်း သတိမထားမိပါချေ။ စုယီသည် သူ့ကိုအသက်ရှူမရလောက်သည်အထိ သူ့လျှာနှင့်နှုတ်ခမ်းကိုသုံးကာ ဆက်လက်ကျူးကျော်နေခဲ့သည်။

ထို့နောက် ရန်ဖုန်းကောတစ်ယောက် တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားသည်။

(ရပ်နား) အစားထိုးခ်စ္​သူ /အစားထိုးချစ်သူ (Translation)Where stories live. Discover now