အခန်း ၁၁။ အတူနေထိုင်ခြင်း။

197 49 1
                                    

အခန်း ၁၁။ အတူနေထိုင်ခြင်း။

စုယီမော့ရဲ့ကိုယ်ရေးအကျဉ်းကို လှည့်ကြည့်လိုက်ပေမယ့် ရန်ဖုန်းကောမှာ ထိတ်လန့်သွားဆဲပင်။ ထိုနည်းလမ်းဖြင့် စုယီမော့က သူတို့၏ဆက်ဆံရေးကို အပြင်လူများထံ အသိပေးပစ်သည်။ ထိုလူက ရဲရင့်ပြီး တာဝန်ယူမှုရှိသူဖြစ်သည်မှာ သေချာသည်။

သူ့ချစ်သူဒဏ်ရာရနေချိန်၌ တိုက်ခိုက်သူများ ရှုပ်ထွေးသွားစေရန် လူစားထိုးတစ်ယောက်ကို ချက်ချင်းပင် ငှားရမ်းခဲ့သည်။ ထိုအတောအတွင်း၌ သူက သူ၏ချစ်သူကို လုံခြုံသည့်နေရာကိုပြောင်းရွှေ့ခဲ့ပြီး နောက်ထပ်ထိခိုက်မှုများမှ ကာကွယ်ပေးခဲ့၏။

ထိုမျှမကသေး သူနှင့်သူ၏ချစ်သူက လိင်တူနှစ်သက်သူတွေဖြစ်ရကား ရလာသည့်ဖိအားများကိုလည်း သူကမကြောက်ခဲ့ပေ။

ဒီလိုလူမျိုးက မင်းတို့ပြောလေ့ရှိတဲ့ 'ယောက်ျားကောင်း'ဆိုတာပါပဲ။

ရန်ဖုန်းကောသည် ရုတ်တရက် ခံစားချက်များ မြင့်တက်လာကာ သက်ပြင်းမချပဲ မနေနိုင်ခဲ့ချေ။ စုယီမော့၏ ချစ်မြတ်နိုးမှုကိုခံရသည့် ကျင်းချိုးဟန်၊ အဲဒီလူမှာ အမှန်တကယ်ပင် ပျော်ရွှင်ရလောက်သည်မလား။

"သူ... အဆင်ပြေရဲ့လား"

ရန်ဖုန်းကောက တားမြစ်ထားတဲ့အရာကို အလိုအလျောက်ပင် ချိုးဖောက်လိုက်၏။

စုယီမော့၏ စတီယာရင်ဘီးပေါ်ကလက်တွေက တင်းကြပ်သွားသည့်တိုင် သူကတော့ ရှေ့ကိုအာရုံစိုက်ကာ မောင်းနှင်ဆဲပင်။

တစ်ဖက်လူက သူ့အမေးကို ပြန်ဖြေမှာမဟုတ်ဘူးဟု ရန်ဖုန်းကော တွေးထင်မိသည့်အချိန်တွင် စုယီမော့က ဖျော့ဖျော့လေးပြောလာခဲ့သည်။

"ရင်ဘတ်က သေနတ်ဒဏ်ရာက အရမ်းပြင်းတယ်။ အဲဒါက သူ့ရဲ့နှလုံးနဲ့ အဆုတ် နှစ်ခုလုံးကို ထိခိုက်စေတာမို့လို့ အတော်ကြာအောင် ကုသမှုခံယူရလိမ့်မယ်။ ဒါက ငါမင်းနဲ့ ဘာလို့တစ်နှစ်စာ စာချုပ်ချုပ်ရလဲဆိုတာပဲ။ တစ်နှစ်ဆိုတဲ့အချိန်က သူပြန်ကောင်းလာဖို့အတွက် လုံလောက်သင့်တယ်"

"အိုး"

ရန်ဖုန်းကောက ထိုင်ခုံကို မှီကာထိုင်လိုက်ပြီး နောက်ထပ် ဘာစကားမှ မပြောတော့ပေ။ ထိုအစား သူက ကားပြတင်းပေါက်ကနေ မြင်ရသည့် ရွေ့လျားနေသောရှုခင်းတွေကိုသာ ငေးကြောင်ကြောင်ဖြင့် ကြည့်နေမိတော့၏။

(ရပ်နား) အစားထိုးခ်စ္​သူ /အစားထိုးချစ်သူ (Translation)Where stories live. Discover now