အခန်း ၂၀။ လှပသော ယောက်ျား၏ ရင်ခွင်ထဲသို့ ကျရောက်နေစဉ် ကြံစည်ခြင်း (၂)

208 34 0
                                    

အခန်း ၂၀။ လှပသော ယောက်ျား၏ ရင်ခွင်ထဲသို့ ကျရောက်နေစဉ် ကြံစည်ခြင်း (၂)

"ငါနဲ့လိုက်ခဲ့"

အန်းချန်ရန်သည် သူ့ဘေးတွင်ရှိနေသော ရန်ဖုန်းကောကို သတိပေးလိုက်သည်။

"spa မှာဇိမ်ယူဖို့ငါ့ကိုခေါ်လာတာဆိုရင် မင်းနှိပ်လိုက်တဲ့ ခလုတ်နံပါတ်က မှားနေပြီ"

ရန်ဖုန်းကောသည် ရွှတ်နောက်နောက်ဟန်ဖြင့်ပြုံးကာ ၁၅ထပ်ကိုရောက်စေမည့် ခလုတ်ကို ညွှန်ပြလိုက်သည်။

"အဲဒါကမှ ငါတို့သွားသင့်တဲ့နေရာ"

"spa လုပ်ဖို့ မင်းစိတ်၀င်စားလိမ့်မယ်လို့ ငါမထင်ထားဘူး"

အန်းချန်သည် ရှေ့ကိုတည့်တည့်ပဲ ဆက်လျှောက်သွားကာ နံပါတ် ၂၀၁၀ ဟူသည့် အခန်းကို ဖွင့်လိုက်သည်။

သူနောက်ကိုတစ်ချက်ကြည့်လိုက်ပြီး ခြေတစ်လှမ်းပင်မလှမ်းရသေးသော တစ်ဖက်လူကိုမေးလိုက်သည်။

"ဘာလဲ။ ကြောက်လို့လား"

"လုံး၀ပဲ"

ရန်ဖုန်းကောသည် ပေါ့ပါးစွာပင် အထဲသို့လှမ်း၀င်လာသည်။

အခန်းထဲရှိမီးရောင်က မှိန်ဖျော့ဖျော့ရှိသော်လည်း အခန်းဖွဲ့စည်းပုံကဲ့သို့ပင် အခန်းထဲ၌ ဘယ်သူပုန်းအောင်းနေသည်ဆိုတာ မြင်နိုင်စေဖို့ လုံလောက်သည်။

အခန်းပတ်လည်ကို တစ်ချက်ကြည့်လိုက်ရာ အန်းချန်မှာ မည်သည့်လှည့်စားမှုမျှ ရှိပုံမရပေ။ စိတ်ချလက်ချဖြစ်ပြီးနောက် သူအထဲသို့လှမ်း၀င်လိုက်သည်။

အန်းချန်သည် တံခါးကိုပိတ်ကာ ကြီးမားသောစားပွဲနှင့် ကြမ်းပြင်မှ မျက်နှာကျက်ထိရှည်လျားသော ပြတင်းရှေ့ကိုလျှောက်သွားသည်။ ထိုင်ခုံကိုဆွဲထုတ်ပြီးနောက် သူပြောသည်။

"ထိုင်လေ"

ရန်ဖုန်းကော လျှောက်သွားကာ ခုံတွင်ဆတ်ခနဲထိုင်ချလိုက်သည်။

"ငါတို့အခု အဓိကအချက်ဆီကိုပဲ သွားလို့ရမလား"

"မင်းကိုစစ်ဆေးဖို့ နောက်ခံပြောင်းထားတယ်"

အန်းချန်ကသူ့ဆန့်ကျင်ဘက်တွင် ထိုင်သည်။ သူ့ပါးစပ်ကိုဖွင့်လိုက်သည့် တစ်ခဏ၌ပင် ထိုစကားလုံးများက ထွက်ပေါ်လာတာဖြစ်သည်။

(ရပ်နား) အစားထိုးခ်စ္​သူ /အစားထိုးချစ်သူ (Translation)Where stories live. Discover now