အခန်း ၁၃။ အလှလေးရေချိုးနေသည့် ပန်းချီကား

218 53 10
                                    

အခန်း ၁၃။ အလှလေးရေချိုးနေသည့် ပန်းချီကား
 

"တင်း... တောင်... တင်း... တောင်..."

တံခါးဘဲလ်သံက ရုတ်တရက် မြည်လာသည်။ ရန်ဖုန်းကောသည် မှာထားသည့်အရာရောက်ပြီဟု ခန့်မှန်းကာ ဒုတိယထပ်ကို လှမ်းအော်လိုက်သည်။

"အားမော့... မင်းရဲ့အစားအစာတွေ ရောက်လာပြီ"

မိနစ်အနည်းငယ်ခန့် စိတ်အနေအထားကို ချိန်ညှိပြီးနောက် ရန်ဖုန်းကောတစ်ယောက် သူ၏ပုံမှန် 'အလုပ်လုပ်သည့်ကိုယ်နေဟန်ထား' ဆီ ပြန်လည်ရောက်ရှိလေပြီ။

အစောပိုင်းကဖြစ်ခဲ့သည့်ကိစ္စကြောင့် သူစိတ်ထိခိုက်ခဲ့သည်ဆိုတာကို ပြောလိမ့်မည်မဟုတ်။

စုယီမော့သည် လှေကားမှ  ဖြည်းညင်းစွာဆင်းလာသည်။ ဆိုဖာပေါ်တွင်ထိုင်နေသည့် ရန်ဖုန်းကောကို သာမန်ကာလျှံကာကြည့်လိုက်ပြီး တံခါးဆီလျှောက်သွားကာ ဖွင့်လိုက်သည်။

မှာထားသည့်ပီဇာ တစ်ကယ်ရောက်လာတာဖြစ်သည်။ စုယီမော့သည် လာပို့သူကို ကျသင့်ငွေပေးကာ တံခါးပိတ်လိုက်သည်။ ထို့နောက် လက်ထဲတွင် ပီဇာဘူးကြီးကိုကိုင်ကာ အခန်းထဲလျှောက်၀င်လာသည်။

ရန်ဖုန်းကော၏ညာဘက်နားသည် ရုတ်တရက်ပင် ဆတ်လှုပ်သွားရပြီး မျက်နှာသည်လည်း ဖြူရော်သွားရသည်။

သူသည် ခပ်မြန်မြန်ထရပ်ကာ စုယီမော့ဘေးသု့ိ ပြေးသွားလိုက်သည်။ တစ်ဖက်လူ၏လက်ထဲမှ ပီဇာဘူးကို အမြန်လုယူကာ တံခါးကိုကန်ဖွင့်ပြီး အပြင်သို့ အရှိန်ဖြင့်လွှင့်ပစ်လိုက်သည်။

ရန်ဖုန်းကော၏လှုပ်ရှားမှုများသည် လျှပ်စီးပမာ လျှင်မြန်လှသည်။ မျက်တောင်တစ်ခန်အတွင်း စုယီမော့လက်ထဲမှ ပီဇာဘူးမှာ ပျောက်ကွယ်သွားလေပြီ။

စုယီမာ့ ခေါင်းကိုမော့ကြည့်လိုက်ရာ သူ၏ပီဇာဘူး လွှင့်ပစ်ခံလိုက်ရသည်ကို တွေ့လိုက်ရသည်။

"မင်း....."

"ဘုန်း......"

စုယီမော့ စကားပြောလိုက်သည့် တစ်ချိန်တည်းမှာပင် လွှင့်ပစ်ခံရသော ပီဇာဘူးသည် အလွန်ကျယ်လောင်သောအသံဖြင့် ပေါက်ကွဲသွားခဲ့သည်။

(ရပ်နား) အစားထိုးခ်စ္​သူ /အစားထိုးချစ်သူ (Translation)Where stories live. Discover now