3(Zawgyi)

4.2K 65 0
                                    

"ဝှားးးး "

"အား ဘာလဲကွာ မျက်လုံးစူးလိုက်တာ"

နှိုင်းတစ်ယောက် ပျဉ်ကြိုပျဉ်ကြားမှ ကျရောက်လာသောနေရောင်ကြောင့် မျက်လုံးစူး၍နိုးလာခြင်းပင်။နှိုင်းအိပ်ရေးအတော်ပင် ၀သွားပါသည်။နာရီကောက်ကြည့်တော့ ဆယ့္တစ္နာရီ။

"ဟင် ဆယ့်တစ်နာရီ ငါတော်တော်အိပ်လိုက်တာပဲ
ကျစ် ငါ့ခါး ဟာကွာ ခါးကနာနေသေးတယ်"

မနေ့က ဒီ တောကြိုအုံကြားရွာကို လာရတာ ပင်ပန်းလွန်း၍လားမသိ နှိုင်းခါးပင်နာနေလေပြီ။နှိုင်းကတော့ မိမိခါးနာနေသည်ကိုပင်အကြောင်းပြုကာ ဒယ်ဒီ့ရွာကို တောကြိုအုံကြားဟု သတ်မှတ်လိုက်လေခြင်း။နှိုင်းကိုယ့်ကိုကိုယ် ပြန်ကြည့်မိတော့ အချဉ်စော်ပင်နံလုနီးပါး။မနေ့က ပင်ပန်းလွန်း၍ ရောက်ရောက်ချင်းအိပ်လိုက်တာ သန့်ရှင်းဖို့လိုအပ်နေပြီ ဖြစ်သည်။နှိုင်းသန့်ရှင်းရေး လုပ်ရန်အောက်ဆင်းရမည်မို့ အောက်ဆင်းသွားမိသည်။ အောက်ရောက်တော့မနေ့က နှိုင်းကိုအခန်းလိုက်ပို့သော အဒေါ့်ကိုတွေ့သည်မို့

"ဟို ဒေါ်ဒေါ် က ဒေါ်တင်လှဆိုတာမလား ဒယ်ဒီ့မိတ်ဆွေလေ "

"ဟုတ်ပါ့တော် လူလေးအဖေက ပြောတာလားကွယ်"

"ဟုတ်ကဲ့ဗျ ကျွန်တော် ခနခနကြားဖူးပါတယ်
ဒေါ်ဒေါ်တို့ နာမည်တွေကို "

"အေးကွယ် ဒါနဲ့ လူလေးနာမည်က.."

"ကျွန်တော့်နာမည်
နှိုင်းတုမမှီ ပါဒေါ်ဒေါ်"

"အော် လူလေးက နာမည်ရော လူရော
တယ်လှသကို"

"ဟီး ဟုတ်ကဲ့ ဒေါ်ဒေါ်"

"ဒါနဲ့ လူလေးရေချိုးမလို့မဟုတ်လား လာလာအရီးလိုက်ပို့မယ်"

"ဟုတ်ကဲ့ဗျ ကျွန်တော်ရေချိုးချင်နေတာ
ခုပဲ ဒေါ်ဒေါ့်ကို မေးမလို့ဗျ"

နှိုင်းကို ဒေါ်ဒေါ်က ရေချိုးရန်ခေါ်သွားသော အိမ္ေရှ့အုတ်ကန်တွင်ပင် ရေတစ်ခါတည်းချိုးလိုက်သည်။လူကလည်း အတော်ပင် ပြိုင်းနေသေည်မို့ ရေအေးအေးနှင့်တွေ့ကာမှ လန်းဆန်းသွားတော့သည်။ထို့နောက်ဒျေါဒျေါက ထမင်းကျွေးသည်မို့ နှိုင်းလည်းဆာဆာနှင့်ပင်စားလိုက်ရသည်။ နှိုင်းသည် ဒယ်ဒီ့သားဖြစ်၍ မိမိတို့ ကျေးဇူးရှင် ဖြစ်ကြောင်း ရပ်ဆွေရပ်မျိုးတော်စပ်သည် ဖြစ်ကြောင်း အဒေါ်ဟုခေါ်စရာမလိုကြောင် ရင်းရင်းနှီးနှီး အရီးဟုသာခေါ်နိုင်ကြောင်း ပြောသေးသည်။နှိုင်းငယ်ငယ်က ရောက်ဖူးသည်တဲ့ နှိုင်းတော့ မမှတ်မိတော့ပေ။ထို့နောကျ နှိုင်းထက် နှစ်နှစ်ငယ်သော သူ့သားရှိကြောင်း။ယာခင်းထဲသွားသည်တဲ့။နှိုင်းက သူ့သားထက်ပင် ပိုချော ပိုချစ်စရာကောင်းကြောင်းကိုလည်း နှိုင်းကိုစေ့စေ့စပျစပျကွညျ့ကာ ပြောနေပါသေးသည်။မနက်က နှိုင်းကို လာနိုးသော ဟိုကောင်လေးပဲဖြစ်ရမယ်။ထို႔ေနာက်နှိုင်းလည်း ထမင်းစားပြီး ဘာမျှလုပ်စရာမရှိသဖြင့် အခန်းထဲပဲ ပြန်နေလိုက်သည်။

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Where stories live. Discover now